~ 32 ~

478 60 23
                                    

Unicode

" ဘာဖြစ်နေကြတာလဲ "

ငါ့စိတ်နဲ့ခန္ဓာ ၃ စက္ကန့်လောက်
ခွဲထွက်သွားတယ် ပြောရင် ယုံ !

ဒီအသံကို နှစ်တွေ ကြာပြီးမှ ကြားရတာတောင်
ငါ့စိတ်ထဲ ပြတ်ပြတ်သားသား မှတ်မိနေတုန်းပဲ ။

" ဦးးး "

ငါ့ လှည့်ပြီး မကြည့်ရဲဘူး ။ ဒါက ပုံမှန်အတိုင်း
ဒီရက်ပိုင်း အလုပ်တွေပိလို့ အိပ်ရေးပျက်ရာကနေ ငါ့စိတ်က ဖန်တီးနေတဲ့ ပုံရိပ်ယောင်တွေပဲ ။

" ဇဲလ်ဒရစ် မင်း ဘာပြဿနာရှာပြန်ပြီလဲ "

မဟုတ်တာတွေကို ငါ့ ဒီနားက ကြားနေမိတာ !

" ဦးကလဲ ကျွန်တော့်ကိုဆို အမြဲ
ပြဿနာရှာနေတယ်ပဲ တွေးတယ် "

" မဟုတ်လို့လား မင်းက "

" မဟုတ်ပါဘူး ဒီမှာ အဲ့လူကြီးပေါ့ "

ကြားနေရတယ်လို့ ထင်ပေမဲ့...!

မျက်စိရှေ့ပေါ်လာတဲ့ မတွေ့တာကြာလှပြီဖြစ်တဲ့
အဲ့မျက်နှာ ။ ပြောင်းလဲသွားတဲ့ ဆံပင်ကေတွေ ။
သူစိမ်းဆန်တဲ့ မျက်၀န်းတွေနဲ့ တစ်ခါတုန်းက
မုန်းခဲ့ဖူးတဲ့ လူတစ်ယောက်ကို ငါ ထပ်ပြီး တွေ့
လိုက်ရတာ...ချက်ချင်း အသက်ရှူကြပ်စေတယ် ။

" သားကိုလဲ ၀င်တိုက်သေးတယ် အထက်စီးက
နေ ငွေစကားလဲ ပြောသေးတယ် မသိရင် သားက
သူ့ ငွေလေး နည်းနည်းကို လိုချင်နေတာ ကျလို့ "

" ဟို...အဆင်ပြေရဲ့လား မသိဘူး "

ကမ်းပေးလာတဲ့ လက်ကိုင်ပုဝါလေး ~
ကိုယ်သင်းနံ့ကအစ တူညီနေပေမဲ့...!

" ဒီကလေး လုပ်ရပ်အတွက် ကျွန်တော်ကပဲ
ကြားက တောင်းပန်ပါတယ် သူက အိမ်မှာ
အလိုလိုက်ထားတော့ အဲ့လိုပဲ ဆိုးတယ် "

" ဦး ! "

" အသာနေစမ်း ဇဲလ်ဒရစ် "

ပြောပုံဆိုပုံတွေ ၀တ်ပုံစားပုံတွေ နေပုံထိုင်ပုံတွေ
လူတစ်ယောက်တည်းလို့ ထင်ရပေမဲ့ မတူဘူး ။

" ဒါပေမဲ့ အဲ့ဘက်ကလဲ
လူကြီးပီပီ ကိုယ့်ဘက်ကနေ
စမှားတာကို တောင်းပန်ပေးပါ "

ရှောင်ကျန့် လက်ကိုင်ပုဝါကို
တင်းခနဲ ဆုပ်မိသွားတယ် ။
သေချာပေါက် ဒီလူက ငါ့ရဲ့
ဂြိုဟ်ကောင်လေး မဟုတ်ဘူး !

IF OUR LOVE IS WRONG...Where stories live. Discover now