"ကိုကိုရော လိုက်ရမှာလား"

မှောင်စပြုနေသည့်အချိန်မှာတောင် ချောမွေ့သန့်ပြန့်နေသော ကိုကို့ကို ဖွေးစိုက်ကြည့်နေမိရင်း ကိုကို့အပြုံးဟာ ဖေဖေနဲ့လည်းမတူသလို မေမေနဲ့လည်းမတူ။
ဖွေးက မေမေနဲ့ဆင်သည်မို့ ဘယ်သူနဲ့မှမတူဘဲကွဲထွက်နေသည့် ဒီလူကြီးကရော...

သျှင့်မှာတော့ မျက်ရည်ရောင်မပြယ်သေးသည့်မျက်လုံးလေးတွေဖြင့် သူမ စိုက်ကြည့်နေတော့ ရင်ခုန်သွားမိသလို မနေတတ်၊ မထိုင်တတ်ဖြစ်သွားသည်အထိ။
ဒီကောင်မလေး ဘာဖြစ်နေတာလဲ...

"မနက်ဖြန် မလိုက်ရဘူးလားလို့"

"အင်း အလုပ်ရှိသေးတယ် လိုက်လို့မရဘူး"

ဒါဆို ကိုကိုနဲ့တော့ မရှိရတော့ဘူးပေါ့…
ဆိုးဝါးသည့်အခြေအနေတွေအကြောင်း ဘာမှမသိခင်က ဖွေးတို့မောင်နှမနှစ်ယောက်လုံး ဒီအဖြစ်တွေကို ဘယ်လိုလက်ခံခဲ့ကြသလဲမသိ။
မောင်နှမမှန်းမသိဘဲ လွန်ခဲ့သည့်ကိစ္စတွေကိုလည်း ဖွေး ယူကျုံးမရသလို ဆယ်ကျော်သက်ဘဝမှာ ရူးရူးမူးမူးချစ်ရသည့်သူ့ကို ဖွေးလက်လွှတ်ရမှာလား...

"မင်း ဘာလို့ငိုပဲငိုနေတာလဲ ဖွေးရယ် ဘာကအဆင်မပြေတာလဲ ကိုယ့်ကိုပြော"

"ဖွေး ဒီအတိုင်းပဲငိုချင်လာလို့ပါ"

ခလေးမက အမှန်တကယ်ငိုချပစ်လိုက်တော့ သူ ပိုပြီးစိုးထိတ်သွားရပြီး ဖွေးပခုံးကိုဖက်ကာ ဘေးလူတွေမမြင်အောင် ခြံထဲပြန်ဝင်လာခဲ့သည်။
အိမ်ရှင်မိသားစုဟုထင်ရသည့် လင်မယားတစ်စုံကလည်း ဖွေးကိုလှမ်းကြည့်နေတာမို့ ထိုလူတွေကိုလည်း အားနာပြုံး ပြုံးပြလိုက်မိသည်။
ဖွေးတို့ခြံထဲက ကားဂိုထောင်နားမှာ ထိုင်ခုံလေးရှိကာ ထိုနေရာအထိဆွဲခေါ်ခဲ့ပြီး ဖွေးမျက်နှာလေးကိုမော့ယူလိုက်သည်။
မျက်ရည်တွေပြည့်လာသည့်မျက်လုံးလေးက ရဲတွတ်နေကာ သူ့ကိုလည်းတည့်တည့်မကြည့်…

"ဖွေး ဘာဖြစ်လို့လဲ"

"ဟင့်အင်း"

ဘာမှမေးမရသလို ခေါင်းလေးသာခါနေပြီး တအီးအီးငိုနေသည့်သူမမျက်နှာလေးက ကလေးလေးလို အပြစ်ကင်းစင်လှ၏။
နှာတံထိပ်ဖျားလေးနှင့် နားရွက်ကလေးတွေ ရဲတွတ်လာပုံ မီးသီးအနီလေးတွေ တပြိုင်တည်းလင်းလာသလို…

သူ မသိသောအခြားတစ်ဖက်၌Where stories live. Discover now