The Deepest 42

858 38 4
                                    

"အဲ့ဒါဘယ်သူ​တွေလဲရိ​ပေါ်"

"ဟို...​ရှောင်းအိမ်​တော်ကပါဦး​လေး"

"ဟမ်!!သူတို့ကဘာလာလုပ်ရတာတုန်း...မင်းက​ရောသူတို့နဲ့ဘာလို့ပါတ်သတ်​နေရတာတုန်း..ဟမ်!!"

ရိ​ပေါ်ကို​ပြောရင်း​​​ဒေါသထွက်​နေ​သောဦး​လေးဖြစ်သူ​ကြောင့် ရိ​ပေါ်နည်းနည်း​တော့လန့်သွားသည်

"ဟို...သူတို့က​ပြောစရာရှိတယ်ဆိုလို့ပါ...ပါးနဲ့မားကိစ္စလဲပါတယ်တဲ့..."

"ဘာ!!!"

မဖြစ်ဘူးဒီက​လေးတစ်ခုခုသိသွားလို့မဖြစ်ဘူး သိသွားရင်သူတို့အစီစဥ်​တွေပျက်ကုန်မယ် ပြီး​တော့သူလုပ်ခဲ့တာ​တွေအကုန်သိသွားခဲ့ရင် ဆိုတဲ့အ​တွေး​တွေနဲ့မျက်စိမျက်နှာပျက်လို့ ရိ​ပေါ်နဲ့​​ဟောက်ရွှမ်းကိုကြည့်​တော့လဲ သူ့ကိုနားမလည်တဲ့ပုံစံ​တွေနဲ့ကြည့်​နေကြသည်

"ဦး​လေး...ဘာဖြစ်လို့လဲဟင်...ဦး​လေးနဲ့​ရှောင်းဥက္ကဌနဲ့ကသိတာလား....."

ဦး​လေးဖြစ်သူပုံစံ​ကြောင့်ရိ​ပေါ်ဇ​ဝေဇဝါဖြစ်သွားပြီး​မေးမိလိုက်သည် ပြီးမှတစ်ခုခုကိုသတိရသွားပြီး

"​အော်...​မေ့​နေတာ..အရင်ကပါးနဲ့အတူတူX constructionမှာလုပ်ဖူးတယ်ဆို​​တော့သိကြမှာ​​ပေါ့"

ရိ​ပေါ်စကား​ကြောင့် ကြံရာမရဖြစ်​နေတဲ့​ဝမ်ကျားချင်းမျက်နှာချက်ခြင်းပြုံး​ယောင်သမ်းသွားသည် သူ့မှာဒီက​လေးကိုဘယ်လိုအ​ကြောင်းအရာ​ပြောပြီး​သွေးထိုးရမလဲအကြပ်ရိုက်​နေတာ အခု​တော့အကြံရပြီ​လေ အဲ့ဒါကအကိုကြီးဝမ်ချင်းဖုန်းပဲ​ပေါ့ အကိုကြီး​သေရတာ X Group​ကြောင့်လို့သိထားတဲ့ရိ​ပေါ်က ​သူ့ညီဆုံးသွားတဲ့ကိစ္စ​တွေနဲ့ပါ​​ပေါင်းပြီး ရှောင်းအိမ်​တော်ကိုအ​သေမုန်း​နေတာ ​*ကျေးဇူးပဲတူ​လေးရာ ဦး​လေးအကြံအိုက်​နေတာငါ့တူကလမ်း​ကြောင်း​ပေးတာပဲ*ဟုမဲ့ပြုံးပြုံးကာစိတ်ထဲက​နေပဲ​ပြောလိုက်သည်

"ဟင်းးးငါ့တူရာအဲ့အ​ကြောင်း​တွေမ​ပြောချင်​တော့ဘူး...အဲ့အ​ကြောင်း​တွေ​ပြောရင်အကိုကြီးကိုအရမ်းသနားတာပဲကွာ"

ရိ​ပေါ်ဦး​လေးဖြစ်သူစကား​ကြောင့် ​ခေါင်း​လေးငုံ့ကာငြိမ်ကျသွားသည်

The Deepest(အနက်ရှိုင်းဆုံး)♡Completed♡Hikayelerin yaşadığı yer. Şimdi keşfedin