The Deepest30

1K 44 9
                                    

ရိ​ပေါ်မားကုတင်​ပေါ်မှာ​ဆေးပိုက်​တွေနဲ့​​နေ​နေရတာ ဒီ​နေ့နဲ့ဆို နှစ်လနဲ့​လေးရက်ရှိပြီ ရှောင်းသခင်ကြီးက အိမ်မှာ​ဆေးပစ္စည်းအစုံအလင် စက်ကိရိယာအစုံအလင်နှင့် နာ့စ်နှစ်​ယောက်နှင့်​ဒေါက်တာတစ်​ယောက်ပါငှားကာ​စောင့်ကြည့်​​စေသည် နှလုံး​ရောဂါသမားမို့ ခနခနအ​မော​ဖောက်တတ်လွန်းလို့ သတိလစ်ရ​ပေါင်းလဲမနည်း အလှူရှင်ကလဲခုထိရှာမ​တွေ့​သေးသဖြင့် စိတ်ပူရသည်က​ပြောမပြတတ်အောင်ပင်

"သား...သား​လေး"

ရိ​ပေါ်မားရဲ့ကုတင်နားမှာ​ခေါင်း​လေချပြီးအိပ်​ပျော်​နေတုန်း မားရဲ့အသံနဲ့အတူ ရိ​ပေါ်​ခေါင်း​ပေါ်က လက်​နွေး​နွေး​လေးကိုခံစားမိလိုက်တယ် ရိ​ပေါ်အားရဝမ်းသာမားကိုကြည့်လိုက်ပြီး

"မားးသတိရပြီလား...သက်သာလားမား"

"အင်း...သား​းးးလေးးးး ​ဒီ​နေ့ဘယ်​နေ့လဲသား"

"Augustလ ၅ရက်​နေ့​လေမား"

"ပျော်ရွှင်စရာ​မွေး​နေ့ဖြစ်ပါ​စေကွယ်...မားရဲ့သား​လေးကလူကြီး​လေးဖြစ်လာပြီ"

"ဟုတ်မားးးသားရဲ့​မွေး​နေ့မှာလိုချင်တာတစ်ခုပဲရှိတယ်...မာမားကသားရယ် ညီ​လေးရယ်အနားမှာကျန်းကျန်းမာမာအသက်အရှည်ကြီး​နေဖို့ပဲ"

မား​ရေး​ရေး​လေးသာပြုံးပြသည် နှုတ်ခမ်း​တွေကလဲ​ဖျော့​တော့လို့ စကား​တွေကိုအားယူကာ​ပြော​နေရသည် ဖြစ်နိုင်လျှင်ဒီ​ဝေဒနာ​တွေကိုရိ​ပေါ်သာယူလိုက်ချင်ပါရဲ့

"သား...ညီ​လေးကို​စောင့်​ရှောက်​ပေး​နော်..သားရဲ့ညီ​လေးကို လူ​ကောင်း​လေးတစ်​ယောက်ဖြစ်​အောင်လမ်းပြသွန်သင်​ပေးပါ...မားစိတ်ချလို့ရမလားသား"

"မား...ဘယ်လို​တွေ​ပြော​နေရတာလဲ...မားကသားတို့နဲ့ပဲရှိရမှာကို..ဘာလို့သားကိုမှာ​နေရတာလဲ"

"သားငယ်​ရော..သားငယ်မျက်နှာ​လေးကြည့်ချင်လို့"

"ညီ​လေးကအခန်းထဲမှာပဲ​လေ သားသွား​ခေါ်​ပေးမယ်​နော်"

ရိ​ပေါ်သူ့ညီ​လေးရှိရာအခန်းကိုသွား​တော့ နာနီကိုသာ​တွေတာနဲ့ က​လေးကို​မေး​တော့ ​ရှောင်းသခင်​လေး​ခေါ်သွားသည်တဲ့ တစ်ခါမှမ​ခေါ်စဖူးထူးထူးဆန်းဆန်း က​လေးကို​ခေါ်သွားသည်မို့ရိ​ပေါ် ​ရှောင်ကျန့်ဆီသွားဖို့ထွက်လာခဲ့လိုက်သည်

The Deepest(အနက်ရှိုင်းဆုံး)♡Completed♡Donde viven las historias. Descúbrelo ahora