"မားးး...မားး...ဘယ်ကိုသွားမလို့လဲ...မသွားရဘူးနော်...ဟင့်အင်း မသွားရဘူး"
"ကောကော...မာမားး...ဘာဖြစ်လို့လဲဟင်..မားကဘယ်သွားမှာလဲ"
"ရွှယ်...ငါနောက်မှပြောပြမယ်...မားကိုတားပါအုံးလို့ ရွှယ်လုရဲ့"
မနေ့ကပြသနာဖြစ်ပြီကတည်းက မားကအခန်းပြင်မထွက်တော့ဘဲတစ်ညလုံးငိုနေတာ ကြားတယ်လေ ...သားသမီးတွေနှင့်နေလာတဲ့တစ်လျှောက် စကားလုံးကြမ်းတွေမပြောဖူးတဲ့မားက မနေ့ကမှစကားတွေကြမ်းတမ်းနေတယ် ပါးဘက်ကလဲရှင်းပြသင့်တဲ့အကြောင်းတွေကိုမရှင်းပြလေတော့ မားအရမ်းစိတ်ဆိုးနေတယ်ထင်ပါရဲ့ ခုလဲခရီးဆောင်အိတ်တွေဆွဲပြီးအိမ်ကထွက်သွားဖို့ပြင်နေတဲ့မားကို ရှောင်းကျန့်တစ်ယောက်လှေကားကနေတောက်လျှောက်ဆင်းပြီးတားနေသည်
မားလှေကားကနေဆင်းနေရင်း အောက်ဆုံးထစ်ရောက်တော့ခြေလှမ်းတွေရပ်သွားခဲ့သည် မားခြေလှမ်းရပ်သွားတော့မောင်နှမနှစ်ယောက်သားပြိုင်တူရပ်မိသွားသည် မားကြည့်နေတဲ့ဘက်လှမ်းကြည့်လိုက်တော့ ပါးကဒူးထောက်လျက်နဲ့
"မင်ယွဲ့ ငါတစ်ကယ်တောင်းပန်ပါတယ်..အားလုံးကငါ့အမှားပါ..ငါ့ကြောင့်နင်တို့တွေဒီလိုဖြစ်ရတာ..ငါပဲတာဝန်ယူပါရစေ..ငါ့အပြစ်ကိုခွင့်မလွှတ်ချင်နေပါ..ငါ့ကိုအခွင့်အရေးလေးတော့ပေးပါ..ငါတောင်းပန်ပါတယ်ဟာ..ရိပေါ်လေးကိုလေး ငါ့သားလေးတစ်ယောက်လိုငါစောင့်ရှောက်ပေးပါ့မယ်...နင်ဒီလိုအခက်ကြုံနေတာ ငါဘယ်လိုပြန်လွှတ်ရက်မှာလဲ..အားလုံးကငါ့ကြောင့်ဖြစ်ခဲ့တာ...ငါ့ကိုတာဝန်ယူခွင့်ပေးပါ..မသွားပါနဲ့ဟာ"
ရိပေါ်နဲ့သူ့မားက ခရီးဆောင်အိတ်တွေကိုင်ထားပြီး မျက်နှာကိုတစ်ဖက်လှည့်ထားတယ် ကြည့်ရတာ သူတို့ပြန်တော့မယ်ထင်ပါတယ် ပါးကဘာကိုတောင်းပန်နေတာလဲ မားကိုကျဘာမှဖြေရှင်းချက်မပေးဘဲ သူများကိုဘာတွေတောင်းပန်နေတာလဲ
ရှောင်းကျန့်တွေးနေရင်း မားမျက်နှာကိုတစ်ချက်လှမ်းကြည့်မိတော့ မား မျက်ရည်ကျနေတယ် နှုတ်ခမ်းတွေလဲတဆက်ဆက်တုန်လို့ အမေကိုအရမ်းခင်တွယ်တဲ့ရှောင်းကျန့်က သူ့မားငိုနေတာတွေ့တော့ သူလဲမနေနိုင် မားကိုနောက်ကနေလှမ်းဖက်လိုက်ပြီး မျက်ရည်လေးတွေတိခနဲပြုတ်ကျလာသည် ထိုအချိန်ရွှယ်လုက ပါးကိုကြည့်ပြီး
YOU ARE READING
The Deepest(အနက်ရှိုင်းဆုံး)♡Completed♡
Fanfictionငါမင်းကိုချစ်မိနေပြီဆိုရင်တောင် မင်းဘယ်တော့မှမသိစေရဘူး