"ဘယ်လို...လူတစ်ယောက်လုံးပျောက်သွားတာ မင်းတို့ဘာလုပ်နေကြလို့လဲ...သေချာရှာကြ...မတွေမချင်းဘယ်ကောင်မှပြန်မလာခဲ့နဲ့"
ရိပေါ်ဆေးရုံကဆင်းတော့ အမေဖြစ်သူကိုသွားတွေ့ရအောင် ရှောင်ပါးလိုက်ပို့မယ်လုပ်တော့ တစ်ယောက်တည်းသွားချင်သည်ဟုပြောလာတာကြောင့် အိမ်တော်ကကားနဲ့ ကိုယ်ရံတော်တွေပါထည့်ပေးလိုက်သည်
ကိုယ်ရံတော်တွေကိုသေချာမှာလိုက်တဲ့ကြားက ဒီကလေးပျောက်သွားတယ်တဲ့ ခုတော့ရှောင်ပါးခေါင်းမီးတောက်ရပြီ မိခင်ဖြစ်သူရှိကတည်းက ဒီကလေးရောကိုအစစအရာရာတာဝန်ယူပျိုးထောင်ပေးဖို့ သူဆုံးဖြတ်ထားပြီးသား အိမ်ထဲကနေအိမ်အပြင်တောင်တစ်ယောက်တည်းမသွားဖူးတဲ့ကလေးက ခုထွက်ပြေးသွားတယ်တဲ့ ဒီကလေးဘယ်လိုစိတ်ဒဏ်ရာတွေဖြစ်ခဲ့လဲဆိုတာ ရှောင်ပါးသိပေမယ့် အခုလိုထွက်ပြေးတဲ့အထိတော့ဖြစ်လိမ့်မယ်မထင်ထားခဲ့ဘူး ဘယ်မှမသွားတတ်မလာတတ်တဲ့ကလေးက ခုဘယ်မှာများရောက်နေပါလိမ့် ရှောင်ပါး လက်ထဲမှာလဲဖုန်းတစ်လုံးကိုင်ထားပြီးဧည့်ခန်းထဲခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း သက်ပြင်းတွေသာအခါခါချမိနေသည်ရှောင်းသခင်ကြီးဖုန်းပြောနေတာက်ုကြားသွားတဲ့အိမ်တော်ထိန်းက အပေါ်ထပ်ကိုအပြေးအလွှားတက်ရင်း ရှောင်းသခင်လေးအခန်းဆီဥိးတည်လိုက်သည်
"ဒေါက်ဒေါက်ဒေါက် သခင်လေးးးးသခင်လေးးးးတံခါးဖွင့်ပါအုံး"
အလောတကြီးပြေးလာပြီးမောဟိုက်နေတဲ့အသံကြောင့် အခန်းထဲမှာ ပန်းချီဆွဲနေတဲ့ရှောင်ကျန့် အခန်းတံခါးအမြန်လာဖွင့်ပေးလိုက်သည်
"ဘာ...ဘာဖြစ်လို့လဲကြီးကြီး...ဘာအရေးကြီးလို့လဲ"
"သ..သခင်လေးးးအရေးကြီးတယ်...သခင်လေးရိပေါ်ပျောက်သွားလို့တဲ့ သခင်ကြီးခုနပဲပြောသံကြားလို့"
"ဗျာ!!"
"ရှင်!!!ဟုတ်လို့လားကြီးကြီး"
ကြီးကြီးရဲ့အလောတကြီးအသံကြားပြီးအနောက်ကရောက်လာတဲ့ရွှယ်လုကပါဝငိမေးလိုက်သည်
![](https://img.wattpad.com/cover/350698829-288-k755821.jpg)
YOU ARE READING
The Deepest(အနက်ရှိုင်းဆုံး)♡Completed♡
Fanfictionငါမင်းကိုချစ်မိနေပြီဆိုရင်တောင် မင်းဘယ်တော့မှမသိစေရဘူး