The Deepest20

851 47 2
                                    

​ရှောင်ကျန့်အိမ်​ပြန်​ရောက်ကတည်းက ​ရှောင်ပါးကသားဖြစ်သူ ​နောက်ထပ်​သေ​ကြောင်းကြံ​နေမည်ကို​စိုးရိမ်သော​ကြောင့် ရိ​ပေါ်ကို​ရှောင်ကျန့်အခန်းထဲမှာပဲ​နေ​စေသည်

"​ကော...ထ​တော့..​အောက်ထပ်မှာထမင်းသွားစားရ​အောင်"

​ရှောင်ကျန့်ဘာမှပြန်မ​ပြော ​စောင်ကို​ခေါင်းထိသာခြုံပြီးတစ်ဖက်လှည့်သွားသည်

"​ကော...ထ​တော့...မနက်ကလဲဘာမှမစားဘူး...​ကောအစာအိမ်ဖြစ်လိမ့်မယ်"

ရိ​ပေါ်မ​နေနိုင်စွာ ကုတင်​ပေါ်တက်လိုက်ပြီး ​စောင်​ပေါ်က​နေ​ရှောင်ကျန့်လက်ကိုလှုပ်ကာနှိုးလိုက်​တော့ ​စောင်ကိုဖယ်ပြီးမျက်​စောင်းနှင့်လှည့်ကြည့်လာကာ

"ဝမ်ရိ​ပေါ် ..ဟိုလူကမင်းကိုငါ့အနား​နေခိုင်းလိုက်တာနဲ့မင်းက​တော်​တော်သတ္တိ​ကောင်း​နေတာပဲ..ငါ့ကုတင်​​ပေါ်​တောင်တက်ရဲတယ်"

"​ဆောရီးပါ​ကော...​ကောမကြိုက်ရင်​နောက်မတက်​တော့ပါဘူး"

ရိ​ပေါ်မျက်နှာ​လေးငယ်စွာ​တောင်းပန်လာ​တော့လဲ သူမှာစိတ်မ​ကောင်း ဒါ​ပေမယ့်သူမ​လျှော့​ပေးချင်ပါ ဝမ်ရိ​ပေါ်အ​မေ​ကိုမုန်း​သော​ကြောင့် ရိ​ပေါ်ကိုလဲသူမကြည်ဖြူနိုင်ပါ

"ငါတို့စကား​မ​ပြောဖ်ု့​ပြောထားတယ်မလား...​နောက်ဆိုငါ့ကိုမနှိုးနဲ့ ငါ့အချိန်ငါသိတယ်...ငါထချင်ထမယ်..မထချင်မထဘူး..ငါ့ဘာသာဆုံးဖြတ်မယ်...မင်းလဲမင်းအခန်းမင်းပြန်​တော့..ငါမင်းကိုမလိုဘူး"

အမှန်​တော့သူနှစ်​ယောက်တည်းမ​နေတတ်လို့​ပြောလိုက်ခြင်းသာ ဝမ်ရိ​ပေါ်သူ့ကိုအရိပ်တကြည့်ကြည့်လုပ်​နေတာက သူ​အလျှော့​ပေးချင်​လောက်တဲ့အထိ​ဖြစ်​စေတာမို့ အခန်းထဲက​မောင်းထုတ်ခြင်းပင်

"​ရှောင်းသခင်ကြီးက...​ကောကို​စောင့်ကြည့်ခိုင်းထားလို့ပါ"

"ဘာလဲ ငါ​သေမှာစိုးလို့တဲ့လား"

" "

"အဟက် ငါမ​သေချင်​တော့ဘူးလို့​ပြောလိုက်..ငါ့ကိုယ်ငါသတ်မ​သေ​တော့ဘူး...ငါ​သေသွားရင်...ငါ့အ​မေ​နေရာယူထားတဲ့သူကအရမ်း​တွေစိတ်ချမ်းသာ​နေမယ်​လေ..ဟိူလူ​ရောပဲသိပ်​..ကို..ပျော်​..နေ..မှာ...အဲ့​တော့ သူတို့ကိုငါကဘာ​လို့ပျော်ခိုင်းရမှာလဲ...ငါသတ်မ​သေ​တော့ဘူး...စိတ်ချလက်ချ​​နေလို့​ပြောလိုက်"

The Deepest(အနက်ရှိုင်းဆုံး)♡Completed♡Where stories live. Discover now