The Deepest 52🚨

2K 66 11
                                    

🚨warning 🔞+အနည်းငယ်ပါသည်

ဒီမနက်ခင်းမှ ​ကျေးငှက်က​လေး​တွေက​ပျော်​နေသ​ယောင် ကျီကျီကျာကျာနဲ့အသံမျိုးစုံ​ပေးကာပြတင်း​ပေါက်နားမှာ ​အော်​နေကြသည် ​ရှောင်းကျန့်လဲ ငှက်က​လေး​တွေအသံ​ကြောင့် နိုးသွားပြီး မျက်လုံးနှစ်လုံးဖွင့်ပြီးထဖို့လုပ်​တော့ သူ့ကိုယ်ကိုတစ်ခုခုကဆွဲထားသလိုဖြစ်​နေတာမို့ ​ဘေးကို​စောင်းကြည့်​တော့ ရိ​ပေါ်က သူ့​ကျော​အောက်က​နေ လက်လျှိုထားပြီး သူ့ကိုဖက်ထားသည် ကြည့်ရတာညကတည်းကထင်တယ် လက်ကိုကြည့်​တော့ လက်ကနီ​နေသည်

သူကမန်းကတမ်းကုန်းထပြီးလက်ကိုဖယ်မယ်လုပ်​တော့ ကျန်လက်တစ်ဖက်ကပါ သူ့ကိုလှမ်းဖက်ပြီး အိပ်ယာ​ပေါ်ပြန်ဆွဲချသည် ရုတ်တရက်မို့ သူလန့်ပြီး မျက်လုံး​လေးပါပြူးသွားတယ် သူငြိမ်ငြိမ်​လေး​နေ​ပေးလိုက်​တော့ သူ့နားရွက်နားကိုနှုတ်ခမ်းကပ်လာပြီး ​လေသံတိုးတိုးနဲ့​ပြောပြန်တယ်

"အိပ်​ရေးမဝ​သေးဘူး ငြိမ်ငြိမ်​လေး​နေ"

မျက်လုံးမှိတ်ရက်သားနဲ့​ပြော​နေတဲ့သူကို သူ​ခေါင်း​လေး​စောင်းပြီးလှည့်ကြည့်မိသည် သူအခုမှဒီမျက်နှာ​လေးကိုအနီးကပ်​သေချာကြည့်ဖူးတယ် နို့နှစ်​ရောင်ဖြူဥ​နေတဲ့မျက်နှာ​လေး​ပေါ်က မျက်​တောင်တိုတိုစိပ်စိပ်​လေး​တွေ နှာ​ခေါင်းလုံးလုံး​လေးရယ် နှုတ်ခမ်းရဲရဲဖူးဖူး​လေး​ရယ် မျက်နှာအစိတ်အပိုင်းတစ်ခုစီကို​သေချာကြည့်လိုက်ပြီး သူပြုံးလိုက်သည် အရမ်း​​ချောလာတာပဲလို့လဲ စိတ်ထဲကမှတ်ချက်​ပေးလိုက်​သေးသည်

"ကြည့်လို့မပြီး​သေးဘူးလား?"

"ဟမ်"

ရုတ်တရက်ထ​မေးလာတဲ့​မေးခွန်းက ​တစ်ခွန်းတည်း​ပေမယ့် ရှောင်းကျန့်မျက်နှာတစ်ခုလုံးကိုပူထူသွား​​စေဖို့ လုံ​လောက်တယ်​လေ သူကြည့်​နေတာဘယ်လိုများသိတာလဲ မျက်လုံးမှိတ်ထားတာမဟုတ်ဘူးလား

"ကြည့်လို့ပြီးပြီလား"

"ဟမ်...ဘာ...ဘာကို"

"ကိုယ့်​ယောကျ်ားမျက်နှာကိုယ်ကြည့်တာ ဘာလို့ရှက်​နေတာလဲ"

The Deepest(အနက်ရှိုင်းဆုံး)♡Completed♡Hikayelerin yaşadığı yer. Şimdi keşfedin