*လူနာက သွေးပါအန်နေပြီ ဒီနှစ်လအတွင်းအလှူရှင်တွေ့မှဖြစ်မယ် မတွေ့ရင်တော့ သိပ်မမျှော်လင့်စေချင်ဘူး*
"ဒုန်းးးးဒုန်းးးကဲကွားးးစိုးလိုက်တဲ့ကံ...ပါးပါး..ပြီးတော့မား...တောက်!!!"
ဆရာဝန်ကြီးပြောလိုက်တဲ့စကားများကိုအခါခါပြန်ကြားယောင်ရင်းနံရံဆီသို့ဆင့်ကာဆင့်ကာလက်သီးနဲ့ထိုးနေမိတယ် နာကျင်မှုဆိုတာလဲသတိမရနိုင်တော့
လက်ကသွေးများစက်လက်နှင့် ဒူးတုပ်ထိုင်ကာငိုနေသောတစ်ယောက်သောသူကိုအခန်းအပြင်ကနေ ဂရုဏာသက်စွာကြည့်နေတဲ့သူတစ်ယောက်လဲရှိလေတယ်အဖေဖြစ်သူခေါ်တယ်ဆိုသောကြောင့် ရှောင်ပါးအခန်းထဲသို့ ရှောင်ကျန့်ဝင်ခဲ့လိုက်သည်
ရှောင်ကျန့်အခန်းထဲရောက်တော့အဖေဖြစ်သူကဓါတ်ပုံလေးတစ်ပုံလက်ထဲကမ်းပေးလာသည်
ရှောင်ကျန့်ကြည့်လိုက်တော့ မိသားစုဓါတ်ပုံတစ်ပုံ ရိပေါ်နဲ့သူ့အမေရယ် ဘေးကယောကျ်ားတစ်ယောက်ရယ် ရှောင်ကျန့်သူ့ပါးကိုမော့ကြည့်လိုက်ပြီး"ဒါက..."
"ရိပေါ်လေးတို့မိသားစုပဲ ဘေးကရိပေါ်လေးအဖေ"
"ဘာဖြစ်လို့ပြတာလဲ"
"ရိပေါ်လေးအဖေက ပါးကြောင့်သေသွားတာသား"
"ဗျာ...."
ရှောင်ကျန့်အံ့သြလွန်းလို့လက်ထဲကဓါတ်ပုံလေးပါလွင့်ကျသွားသည်
"ဘယ်..ဘယ်လိုဖြစ်လို့"
ရှောင်ပါးလဲအဲ့နေ့ကဖြစ်ရပ်များကိုသားဖြစ်သူကိုဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့ ရှောင်ကျန့်တစ်ယောက် မျက်လုံးအပြူးသားလေးနဲ့သာကြည့်နေနိုင်တော့သည်
"အဲ့နေ့က လှေကားပေါ်ကပြုတ်ကျကျချင်း ပါးတို့အောက်အမြန်ပြေးဆင်းသွားတယ် အဲ့အချိန် သူသတိမမေ့သေးဘူး ပါးကိုဒီပုံလေးပြပြီး စောင့်ရှောက်ပေးပါလို့မှာသွားတယ်သား"
"အဲ့...အဲ့ဒါဆို...လက်ထပ်တာကျတော့ကော"
"ရိပေါ်လေးကြောင့်...ရိပေါ်လေးကသူ့ကိုပါးရဲ့သားအဖြစ်မွေးစားချင်တယ်ဆိုတာလက်မခံဘူးလေ...ပြီးတော့သားရဲ့အားရီက....သူသိပ်မနေရတော့ဘူး....ရိပေါ်လေးနဲ့ကလေးလေးကိုစောင့်ရှောက်စေချင်တယ်"
YOU ARE READING
The Deepest(အနက်ရှိုင်းဆုံး)♡Completed♡
Fanfictionငါမင်းကိုချစ်မိနေပြီဆိုရင်တောင် မင်းဘယ်တော့မှမသိစေရဘူး