အိမ်ကိုလာသောဧည့်သည်များကိုဧည့်ခံရင်း ဝမ်မင်ယွဲ့တစ်ယောက်အလုပ်ရှုပ်နေသည် ဒီနေ့ကဝမ်ပါးရဲ့ရက်လည်နေ့ လာတဲ့ဧည့်သည်တွေကတော့ ဝမ်းနည်းကြောင်းပြောပြီးနှစ်သိမ့်ကြပေမယ့် ဝမ်မင်ယွဲ့မငိုမိပါ မျက်ရည်တွေခမ်းခြောက်သွား၍လား ငိုဖို့မေ့နေလို့လားမသိတော့ တချို့ဧည့်သည်တွေကတော့ အသည်းမာတဲ့အမျိုးသမီး ယောက်ျားသေတာတောင်ဝမ်းမနည်းဘူးဟုပြောနေကြသည် တချို့ကတော့ သနား၍ ခေါင်းခါပြီးစုတ်သပ်ကြသည်
ရိပေါ်ထိုမြင်ကွင်းတွေကိုမမြင်ချင်တာရော မားပင်ပန်းနေမည်စိုး၍ကြောင့်ရော မားအနားသွားပြီး
"မား...သွားနားတော့နော်..သားပဲဆက်လုပ်လိုက်ပါ့မယ်"
ဝမ်မားအသာအယာခေါင်းခါပြီး ရိပေါ်ကိုပြုံးပြလာသည် ဒီအပြုံးတွေကအသက်မဝင်မှန်းရိပေါ်သိတာပေါ့ ဒါပေမယ့်ရိပေါ်ရှေ့မားမငိုဘူး ဆေးရုံမှာ ပါးဆုံးတဲ့နေ့ကတည်းက မားမငိုတော့ဘူး
"မားက ရပါတယ်သားရဲ့ ... မားဘာမှမဖြစ်ဘူး.."
ပြောနေရင်းမားရဲ့မျက်ခမ်းလေးတွေရဲလာတာ ရိပေါ်အတိုင်းသားမြင်နေရတယ် ဒါပေမယ့်မျက်ရည်တော့ထွက်မလာခဲ့ဘူး ထိုအချိန်အိမ်ရှေ့မှာကားတစ်စီးရပ်လာခဲ့တယ်
"ဘယ်သူလဲမသိဘူးခင်ဗျ"လို့ရိပေါ်ကသွားမေးလိုက်တော့
"ဦးက သားအဖေအလုပ်လုပ်တဲ့ဆိုက်က တာဝန်ခံပါသား"
"အော်ဟုတ် ထိုင်ပါအုံး..ဦးလေး"ဟုပြောပြီးကားထဲကိုလှမ်းကြည့်လိုက်ကာ
"ဟို..ကားထဲကအကိုလဲ အိမ်ထဲလာထိုင်ပါအုံး ခင်ဗျ"
ထိုအချိန် ဝမ်မားရောက်လာပြီး
"ဘယ်သူတွေလဲ?..သား"
"ပါးအလုပ်ထဲက တာဝန်ခံတဲ့..မား"
"ဟုတ်ကဲ့ မင်္ဂလာပါခဗျ..ကျွန်တော်က ဝမ်ချင်းဖုန်းအလုပ်လုပ်တဲ့ ဆိုက်က တာဝန်ခံပါခဗျ အခုလာတာက မိသားစုနဲ့ထပ်တူဝမ်းနည်းကြောင်းလာပြောရင်း..သူဌေးကပေးခိုင်းလိုက်တဲ့နစ်နာကြေးလေး..လာပေးတာပါခဗျ"
YOU ARE READING
The Deepest(အနက်ရှိုင်းဆုံး)♡Completed♡
Fanfictionငါမင်းကိုချစ်မိနေပြီဆိုရင်တောင် မင်းဘယ်တော့မှမသိစေရဘူး