The Deepest 19

1K 54 0
                                    

ဒီ​နေ့ ရာသီဥတုက​ဖောက်ပြန်​​နေတယ် ​ဆောင်းတွင်းကြီးမှာ မိုး​တွေကလဲရွာလို့ ရှောင်းအိမ်ကသခင်​လေးရဲ့မျက်ရည်​တွေကိုမိုးကမြင်တယ်ထင်ပါရဲ့ ဒီ​ကောင်​လေးရဲ့ငိုသံ​တွေဖုံးဖို့လုံ​လောက်တဲ့ထိမိုးကရွာ​ပေး​နေတယ်​လေ

​ရှောင်းသခင်ကြီးက​တော့ ဒီ​နေ့သူ့ရဲ့ဒုတိယ​မြောက်လက်ထပ်တဲ့​နေ့ဖြစ်တဲ့အတွက် ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး ဧည့်ခန်းထဲရှိဧည့်သည်များနှင့်အသိသက်​သေလူကြီးများကိုကိုဧည့်ခံ​နေ​လေတယ်

မင်္ဂလာအချိန်​ရောက်​တော့ဝမ်မားကမ​ပေါ့မပါးကြီးကိုရိ​ပေါ်က​အခန်းထဲက​တွဲခေါ်လာပြီးဧည့်ခန်းကဆိုဖာမှာထိုင်​စေတယ်

​ရှောင်းသခင်ကြီးကရွှယ်လုနှင့်​ရှောင်းကျန့်ဆင်းမလာ​သေးသည်မို့ အိမ်​တော်ထိန်းကိုသွား​ခေါ်ခိုင်းသည်မို့ အိမ်​တော်ထိန်းလဲ အ​ပေါ်ထပ်သို့အ​ပြေးတက်သွားသည်

သခင်​လေးအခန်း​ရှေ့​ရောက်​တော့ အခန်းထဲကအသံကြားသည်မို့ နား​ထောင်ကြည့်​တော့ ​မောင်နှမနှစ်​​ယောက်​ပြော​နေကြသည့်စကားများ​ကြောင့်အိမ်​တော်ထိန်းလဲ စိတ်မ​ကောင်းဖြစ်သွားရသည်

"​ကောတို့​မောင်နှမနစ်​ယောက်ပဲရှိ​တော့တယ်ရွှယ်...​ကော​ကဒီက​ရှောင်မိန့်ကို​စောင့်​ရှောက်ရမယ်...​ကောတို့ဒီအိမ်ကသွားကြရ​အောင်​နော်...သွားကြမယ်​နော်...လိုက်မယ်မလားမိန်မိန်"

"​ကော​ကောအဲ့လို​တွေမ​တွေးပါနဲ့...ပါးကိုခွင့်လွှတ်လိုက်ပါ​နော်..မိန်ကလက်ခံလို့​ပြော​နေတာမဟုတ်ဘူး​...မိန့်ကိုပါးက​တောင်းဆိုလို့ပါ"

"ရွှယ်လု!!!နင်မလိုက်ချင်ဘူးမလား? နင်မလိုက်ချင်ရင်နင့်ကိုပါငါခွင့်မလွှတ်ဘူး​​နော်...​ကောလက်လဲမခံဘူး..အဲ့မိန်းမကို​ရော..ဟိုလူ...အဲ့လူကို​ရော...ခွင့်မလွှတ်နိုင်ဘူး"

​ဒေါသ​​ကြောင့်မျက်လုံး​တွေနီရဲပြီး​အသားတဆက်ဆက်တုန်ကာ ပြော​နေတဲ့အကိုဖြစ်သူကိုကြည့်ပြီး ရွှယ်လုသူပါငိုချင်လာသည်

"​အီးးးးဟီးးးကော​ကော မိန့်ကို​ကြောက်​အောင်မလုပ်ပါနဲ့​​..​ကောအဲ့လိုလုပ်​နေတာမိန်​ကြောက်တယ်..အီးဟီးးး...မားမြင်ရင်ငိုလိမ့်မယ်​​ကောရယ်"

The Deepest(အနက်ရှိုင်းဆုံး)♡Completed♡Where stories live. Discover now