The Deepest 20 ဒုတိယပိုင်း

911 42 2
                                    

ထွက်သွား​သောသားဖြစ်သူကိုကြည့်ကာ ​ရှောင်ပါးသပ်ပြင်းချရင်း​ခေါင်းခါလိုက်သည် နှုတ်မှလဲ အ​မေဖြစ်သူနဲ့တစ်​ထေရာတည်းပဲဟု​ရေရွတ်လိုက်သည် ပြီးမှမင်ယွဲ့ဘက်သို့လှည့်ကာ

"မင်ယွဲ့...ငါကပဲ​တောင်းပန်ပါတယ်ဟာ..သားကမသိတတ်​သေးလို့ပါ..ငါ​သေချာနားဝင်​အောင်ဆုံးမပါ့မယ်"

"ရပါတယ်...သားကျန့်လဲစိတ်ဆိုး​နေတုန်းမို့​နေမှာပါ...ငါနားလည်ပါတယ်.."

မျက်နှာငယ်​လေးကို မသိသာ​အောင်လုပ်ယူကာပြူံးပြ​နေ​သောမားကိုကြည့်ပြီး ရိ​ပေါ်သနားမိသည် အမှန်ဆို မားရဲ့အမှားမှမဟုတ်တာ ​ရှောင်ဥက္ကဌနှင့်စာချုပ်အရသာလက်ထပ်ထား​ပေမယ့် ခုထိသူငယ်ချင်းဆက်ဆံ​ရေးပဲရှိသည်မဟုတ်လား ​ရှောင်ဥက္ကဌလက်ထပ်ဖို့ခွင့်​တောင်းတာကို မားဘာလို့လက်ခံလိုက်လဲ ရိ​ပေါ်မသိ မားလဲဘာမှမ​ပြောဘူး​လေ မားစိတ်ချမ်းသာပါ​စေဆိုပြီးရိ​ပေါ်လက်ခံ​ပေးခဲ့​ပေမယ့် အမှန်ဆို ရိ​ပေါ်ပါးကို​သေ​စေခဲ့တဲ့သူကိုရိ​ပေါ်ခုထိကြည်​သေးတာမဟုတ် ဒါကို​ရှောင်ကျန့်က သူတစ်​ယောက်နစ်နာသလိုလုပ်​နေတာ​တော့ ရိ​ပေါ်တစ်ကယ်မကြိုက်ပါ  အစက​တော့ အ​မေဆုံးထားတာမကြာ​သေးတဲ့သူမို့ရိ​ပေါ်ကိုယ်ချင်းစာပြီးသနားမိလို့ သူ​ပြောသမျှကိုဘာမှမ​ပြောခဲ့​ပေမယ့်  အမှန်ဆ်ုရိ​ပေါ်လဲနစ်နာသူပဲမဟုတ်လား သူ့အ​ဖေ​ကြောင့် ရိ​ပေါ်ပါးက​သေခဲ့တာ​လေ

အချစ်ကအရာရာကိုနိုင်တယ်လို့​ပြောကြ​ပေမယ့်မာန်မာန​တွေ အာဃာတ​တွေကလဲ အချစ်ကိုဖုံးကွယ်သွား​စေတတ်တာပဲ​လေ

​​ရှောင်ကျန့်ညီမဖြစ်သူလက်ကိုဆွဲကာ ထွက်လာခဲ့သည်မှာ လမ်းထိပ်ကmart​တောင်​ရောက်​နေပြီ
တစ်လမ်းလုံးလဲ အံကြိတ်ကာလက်သီးကိုခပ်တင်းတင်းဆုပ်ထားတာ​ကြောင့် အဆွဲခံထားရတဲ့ရွှယ်လုလက်​လေး​တွေ​တောင်နီလို့  အကိုဖြစ်သူ​ဒေါသဒီ​လောက်ထွက်တာ ရွှယ်လုမြင်ဖူးတာ ဒါနဲ့ဆိုနှစ်ခါ ပထမတစ်ခါ မားဆုံးတုန်းက အခုတစ်ခါ  ​​ကောကအရင်ကဆိုက​လေး​လေးလိုပဲ ရွှယ်လုက​​တောင်အ​လျှော့​ပေးခဲ့ရ​သေးတာ ခု​ကောကအရမ်းစိတ်ကြီးတယ် ​ပြောင်းလဲသွားတဲ့အကိုဖြစ်သူကိုကြည့်ကာ ရွှယ်လု​ကြောက်သလို သနားလဲသနားမိသည် ဘာ​တွေပဲဖြစ်ဖြစ် ​ကောကသူ့ကို​တော့ချစ်​သေးသည်​လေ ​ အရင်လိုနူးညံ့မှု​တွေမရှိ​တော့​ပေမယ့်​ပေါ့

The Deepest(အနက်ရှိုင်းဆုံး)♡Completed♡حيث تعيش القصص. اكتشف الآن