The Deepest 54 YB's Side

1.4K 53 13
                                    

အရမ်းသ​ဘောကျရပါတယ်​ကော ကျွန်​တော်သ​ဘောကျတဲ့ယုန်​ပေါက်​လေးကိုစ​တွေ့တဲ့​နေ့က ​ရှောင်းအိမ်​တော်မှာ ရှပ်ပြာရှပ်ပြာနဲ့​အိမ်​ရှေ့ခလုတ်တိုက်လဲ​တော့မယ့်ကောက ကျွန်​တော့်ရင်ထဲပထမဆုံး​ရောက်လာခဲ့တဲ့သူ အဲ့​​နေ့က ​ကျောင်းဝတ်စုံ​လေးနဲ့​ကောကိုသ​ဘောကျမိသလို က​လေးတစ်​ယောက်လ်ု​လှေကားက​နေခုန်​ပေါက်ဆင်းလာတဲ့​ကောကို ကျွန်​​တော်ငေးမိ​တယ် အရပ်ရှည်ရှည် ယုန်သွား​လေး​တွေနဲ့​ကောက အရမ်းချစ်ဖို့​ကောင်းတာပဲ

စ​တော်ဘယ်ရီ​ဖျော်ရည်မ​သောက်ရလို့​အော်ငို​နေတဲ့​ကောက က​လေးလဲဆန်ပြီး လိုချင်တာကိုမရမကပူဆာတတ်တယ်ဆိုတာမှတ်ထားလိုက်မိတယ်

နှုတ်ခမ်း​လေးဆူပြီး martသွားဖို့​ခေါ်​နေတဲ့​ကောရဲ့ပုံ​လေး​ကြောင့် ကျွန်​တော့်ရင်ထဲကအ​ကောင်​ပေါက်ကထိန်းမရသိမ်းမရခုန်သွားတာ သိရဲ့လား

ဒါ​ပေမယ့်ကံကြမ္မာကကျွန်​တော့်အ​ပေါ်တစ်ကယ်မ​ကောင်းဘူး ကျွန်​တော်တို့​ရေစက်က​ကောင်းတဲ့​ရေစက်မဟုတ်ခဲ့ဘူး

အဲ့နေ့က​ကောရဲ့မားအိမ်​ပေါ်ကဆင်းတဲ့​နေ့ ကျွန်​တော့မှာကိုယ့်အပူနဲ့ကိုယ်မို့ ​ကောကိုသနားမိရုံကလွဲပြီးမတတ်နိုင်ခဲ့ဘူး ည​​ရောက်​​​တော့ ​ကောရဲ့မားဆုံးပြီတဲ့ ကားaccidentမို့ ရုပ်အ​လောင်း​တောင်မနည်းကြည့်ယူရတယ်တဲ့ ​ကောကမ္ဘာပျက်တဲ့​နေ့မို့ ​ကျွန်​​​တော်နှစ်သိမ့်​ပေးချင်​ပေမယ့် ကျွန်​တော်တို့က နှစ်သိမ့်​ပေးလို့ရတဲ့အ​ခြေ​နေမှမဟုတ်ခဲ့တာ ​​စေ့​စေ့​တောင်မကြည့်ရဲခဲ့တာပါ​ကောရယ်

ဒီလိုနဲ့တစ်ပါတ်​လောက်ကြာ​တော့ ​​ဦး​ရှောင်းက​ပြောတယ် ​ကောတို့နဲ့​ကျောင်းတူတူတက်ရမယ်တဲ့ အမှန်တိုင်း​ပြောရရင် ကျွန်​တော်အရမ်း​ပျော်သွားတာ ဒါ​ပေမယ့် ​ကောသာလက်မခံရင်ဆိုတဲ့စိတ်ကဝင်လာ​တော့ ကျွန်​​တော်မ​ပျော်ရဲဘူး ​ဒီလိုနဲ့​ကျောင်းတက်မယ့်ရက်​ရောက်တယ် ကောအမြင်မကြည်မှာစိုးတာ​ကြောင့် ဦး​ရှောင်းအခန်းထဲမှာပဲသွား​စောင့်​နေခဲ့တာ ထင်တဲ့အတိုင်းပါဘဲ ​ကောက မ​ခေါ်ချင်​ခေါ်ချင်နဲ့ ​ကျောင်းကို​ခေါ်တယ် ဒါ​ပေမယ့်ကျွန်​တော်အဆင်​ပြေပါတယ်​ကော ​ကောမျက်နှာ​လေးကြည့်​နေရရင်ပဲ ကျွန်​တော်​ကျေနပ်ပြီ

The Deepest(အနက်ရှိုင်းဆုံး)♡Completed♡Where stories live. Discover now