ပေးကျင်းမြို့မှာတော့ ခါတိုင်းမဲမှောင်နေကျ မိုးရာသီရဲ့ကောင်းကင်ကြီးကဒီနေ့မှသာယာနေပြီး အပြာရောင်ကောင်းကင်သစ်နဲ့တိမ်ဖြူလေးတွေကအစားထိုးနေပုံက မိုးရာသီနဲ့လားလားမှမဆိုင်
နေရောင်ခြည်နွေးနွေးလေးတစ်ခုက နို့နှစ်ရောင်နူးညံ့အိစက်နေသော မျက်နှာလေးပေါ်သို့အပြိုင်ခုန်ဆင်းလာကြလေသည်
နေရောင်ခြည်ရဲ့စူးရှမှုတို့နှင့်အတူ အခန်းထဲရှိနို့နှစ်ရောင်အသားရည်ပိုင်ရှင်လေးလဲ မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်နှင့်နိုးလာခဲ့တော့သည်
"ဒေါက်..ဒေါက်..ဒေါက်"
တံခါးခေါက်သံကြောင့် အခန်းထဲကကောင်လေး အိတ်မှုံစုံမွှားနှင့် ခေါင်းလေးထောင်လာခဲ့သည်
"သားရေ...ရိပေါ်..ထတော့လေကလေးရယ်"
ထိုကောင်လေးရဲ့အမည်က ဝမ်ရိပေါ်တဲ့ ဝမ်မိသားစုရဲ့အချစ်ခံ တစ်ဦးတည်းသောသားလေးပေါ့
ဝမ်မားရဲ့အသံကြားတော့ရိပေါ်လဲအသံပြန်ပေးကာ
"နိုးနေပါပြီမားရဲ့"
"မားကိုတံခါးဖွင့်ပေးအုံးလေသား"
ကျောင်းပိတ်ရက်ကို တစ်ခါမှအစောကြီးလာမနှိုးဖူးသောမားကြောင့် ရိပေါ်တစ်ယောက် မျက်လုူံလေးမဖွင့်ချင်ဖွင့်ချင်နှင့် တံခါးနားရောက်လာခဲ့တော့သည်
"ဘာဖြစ်လို့လဲမား..အစောကြီး...ဒီနေ့ကျောင်းပိတ်တယ်လေ"
"ကျောင်းပိတ်တာမားသိတယ်လေ...ဒီနေ့ဘာနေ့လဲမေ့နေတာလားသား"
ရိပေါ် မျက်လုံးလေးဟိုရွှေ့ဒီရွှေ့လုပ်ကာစဥ်းစားရင်း ခေါင်းခါပြလိုက်သည်
အိပ်ချင်မူးတူးနဲ့ခေါင်းခါပြနေသောသားဖြစ်သူကိုကြည့်ပြီး ဝမ်မင်ယွဲ့တစ်ယောက် တစ်ချက်ပြုံးလိုက်ကာ
"မင်းသားလေးဝမ်...တစ်ကယ်ကြီးမေ့နေတာလား..ဒီနေ့ကိုလေ"
"အင်း...ဒီနေ့ကဘာနေ့မို့လို့လဲမားကလဲ..အိပ်ချင်သေးလို့ပါမားရယ်..ပြောရင်မြန်မြန်ပြောပါ"
YOU ARE READING
The Deepest(အနက်ရှိုင်းဆုံး)♡Completed♡
Fanfictionငါမင်းကိုချစ်မိနေပြီဆိုရင်တောင် မင်းဘယ်တော့မှမသိစေရဘူး