The Deepest 16

841 44 2
                                    

"ရိပေါ် မြန်မြန်လာစမ်းပါဟာ နင်ကလဲအရမ်းကြာတာပဲ"

"ငါလဲလာနေတာပဲရွှယ်လုရာ ဘာဖြစ်တာလဲပဲပြောစမ်းပါ"

"ကောကော ရန်ဖြစ်နေလို့ဟ"

"ဘာ!!! ကျန့်ကောကရန်ဖြစ်နေတယ် ဟုတ်လို့လား"

"အာ မဟုတ်ပဲငါနင့်ကိုလာခေါ်မလားဟဲ့"

"စောစောစီးစီးကမပြောဘူး"

ရွှယ်လုကိုထားခဲ့ပြီးရိပေါ်သုတ်ခြေတင်ပြေးတော့လေသည်
နေ့လည်ထမင်းစားချိန်ပြီးလို့ရှောင်ကျန့်သန့်စင်ခန်းသွားတဲ့အချိန် သန့်စင်ခန်းမှာရှိနေတဲ့ လူမိုက်လိုလိုဘာလိုလိုနဲ့ကျောင်းမှာဇိုးလုပ်နေကြသည့်ဝမ်ချောင်တို့အဖွဲ့နှင့်တွေ့တော့ ဝမ်ချောင်တို့အဖွဲ့က ခါတိုင်းလိုပင် စနောက် ရိသဲ့သဲ့လုပ်ကြသည်
အရင်ရှောင်းကျန့်ဆိုရင် အားနာပြီးသည်းခံတတ်ပေမယ့် အခုရှောင်းကျန့်ကတော့သည်းမခံတော့ပါ အများနှင့်တစ်ယောက်ရန်ဖြစ်ကြသည်မို့ ရှောင်းကျန့်ကအလူးအလဲခံ‌ေနရသည် ကျောင်းသာတွေကလဲဝိုင်းမဆွဲဘဲ အုံကြည့်နေကြသည်

ရိပေါ်ရောက်လာတော့ လူအုပ်ထဲအတင်းတိုးပြီးရှောင်ကျန့်ကိုအရင်ရှာလိုက်သည် ပါးလေးနှစ်ဖက်ဖူးယောင်ပြီး မျက်ခုံးလေး‌ေတွမှာပါသွေးစလေးတွေထွက်နေတဲ့ ‌သူ့ကောကိုတွေ့တာနဲ့ ချက်ခြင်းပြေးထူလိုက်ပြီး

"ဝမ်ချောင်ကော ဘာလို့ အများနဲ့တစ်ယောက်အနိုင်ကျင့်ရတာလဲ?"

"အိုဟိုးး အစွာလေးပဲ ဘာလဲ သူရဲကောင်းလုပ်ချင်တာလား ဟားးဟားးး အခုမှကလေးပဲရှိပါသေးတယ်ကွာ ပြန်ပြန် ဒီကအကိုကြီးကလွှတ်ပေးလိုက်မယ်"

"ခွပ် ခွပ်"

"အနိုင်ကျင့်တိုင်းကြောက်မယ့်အထဲမှာကျွန်တော်မပါဘူး မှတ်ထား"

ဝမ်ချောင် သူ့အပေါ်နှုတ်ခမ်းမှထွက်လာသော သွေးစများကို လက်မနဲ့ဖိသုတ်လိုက်ပြီး မျက်လုံးရဲရဲများနှင့် ရိပေါ်ကိုကြည့်လာခဲ့သည်

"မင်းက မခေဘူးပဲဝမ်ရိပေါ် ဟေ့ရောင်တွေအဲ့ကောင်ကိုပါချုပ်ထားစမ်း"

ဘေးကလူသုံးယောက်ကပါ ရိပေါ်ကိုဖမ်းချုပ်လာခဲ့တာကြောင့် ရှောင်ကျန့် စိုးရိမ်သွားပြီး အားယူကိုရိပေါ်ကိုစကားပြောလိုက်သည်

The Deepest(အနက်ရှိုင်းဆုံး)♡Completed♡Where stories live. Discover now