The Deepest26

960 47 6
                                    

ဒီ​နေ့က​ကျောင်းစတက်ရမယ့်ပထမရက်မို့ အိပ်ယာထ​နောက်ကျလို့အမြဲနှိုးရတဲ့အကိုဖြစ်သူကိုရွှယ်လုနှိုးရန် ​အကိုဖြစ်သူအခန်း​ရှေ့အ​ပြေး​လေးသွားလိုက်သည်

"​ဒေါက်​ဒေါက်​ဒေါက်"

"​ကော​ကော....​ကော​ကော...​ရှောင်းကျန့်​ကော​ကော...​ရှောင်ထုထု!!!"

"ဟ ရွှယ်လုနင်ဘယ်လို​တွေ​ခေါ်​​နေတာလဲ"

"​ကော​ကောလို့​ခေါ်တာမှမရဘဲကို...ထ​တော့..ဒီ​နေ့​ကျောင်းသွားရမှာ"

"ငါနိုး​နေတာကြာ​ပေါ့ နင်သာခုမှအသည်းသန်ထလာတာမှတ်လား"

"အမ်...မဟုတ်ပါဘူး...ရွှယ်ကမနက်စာ​တောင်သွားစား​​တော့မှာ"

"​တော်​တော်​ကောင်းတဲ့ညီမ...မနက်စာစားခါနီးမှလာနှိုးတယ်​ပေါ့​လေ...​နောက်​နေ့​ကျရင်ကျောင်း​ရောက်မှလှမ်းနှိုးပါ့လား"

"ဟီးးး​ကော​ကောကလဲ...ရွှယ်ကအလှပြင်​နေလို့​မေ့သွားတာကို...​ကော​ကောအာ့ဆိုအဝတ်အစားလဲပြီး​အောက်ဆင်းခဲ့​တော့​နော် ရွှယ်​အောက်မှာ​ပဲ​စောင့်​နေ​​တော့မယ်"

"​အေး​အေးငါပြီးပြီ အခုထွက်လာပြီ"

အခန်းတံခါးဆွဲဖွင့်ပြီးထွက်လာတဲ့အကိုဖြစ်သူကိုကြည့်ပြီးရွှယ်လုခန​တော့​ကြောင်သွားသည်

"ဟဲ့ဘာဖြစ်​နေတာလဲ မမြင်ဖူးဘူးလား"

"အိုက်ယား​ကော​ကောက​ချောလိုက်တာ...ခုမှမင်းသားနဲ့တူသွား​တော့တယ်"

အင်္ကျီကိုအမြဲထုတ်ဝတ်​နေကျ​ရှောင်းကျန့်က ​ကျောင်းအင်္ကျီအဖြူကို​လက်တံ​တောင်နားထိ​ခေါက်တင်ကာအောက်ကစတိုင်ပန် ခဲ​ရောင်ထဲ​သေသပ်စွာထည့်ထားပြီး နတ်ကထိုင်ခဲ​ရောင်ကိုကျနစွာစည်းထားသည် ဂျယ်​တွေနဲ့​သေသပ်စွာလှန်ဖြီးထားတဲ့ဆံနွယ်​တွေက အရင်နှစ်ကလိုဘုတ်သိုက်ဖြစ်မ​နေ လက်​ကောက်ဝတ်မှာ​နေရာယူထားတဲ့​​ငွေ​ရောင်နာရီက သူ့ရဲ့ပိုင်ရှင်ကိုတစ်​ထောင့်တစ်​နေရာက​နေ အစွမ်းကုန်​တောက်ပ​ပေး​နေ​လေတယ် ဖြူအုအု နူးနူးညံ့ညံ့အသားရည်​ ပိန်ပိန်ပါးပါးခန္ဓာကိုယ်​လေးနဲ့ ပြုံးလိုက်တိုင်း​ကွေးတက်သွားတဲ့နှုတ်ခမ်း​အောက်ကမှဲ့နက်က​လေးက ဒီလူသား​လေးကို နတ်ဘုရားအလား အလှဆုံးအရာ​တွေကိုဖြစ်​ပေါ်​စေတယ်​လေ

The Deepest(အနက်ရှိုင်းဆုံး)♡Completed♡Where stories live. Discover now