"တူးး...တူးးး..တူးးး"
"ဝေ...ဘယ်သူလဲ?"
"ရှောင်းကျန့် ထတော့ ဒုတိယတစ်ခေါက်ဆေးသွင်းရမယ့်ရက် ထတော့နော် ငါနဲ့ဟိုက်ခွမ်းလာခေါ်မယ်"
"အခုပြောနေတာ ဘယ်သူ?"
သူ့စကားကြောင့်တစ်ဖက်ကဖုန်းထဲကအသံတိတ်သွားပြီး ခနကြာတော့ စကားပြန်ပြောလာခဲ့တယ်
"ဝမ်ရိပေါ်ရောရှိလား?"
ဘေးဘယ်ရာကြည့်တော့ဘယ်သူမှမရှိတာမို့ သူပြန်ဖြေလိုက်သည်
"ဟင့်အင်း ဘယ်သူမှမရှိဘူး"
"အခုလာခဲ့မယ် ခနပဲစောင့် ဘယ်မှမသွားနဲ့နော်"
"ဟုတ်...ဟုတ်ကဲ့"
သူအိပ်ယာနိုးတော့ အိပ်ယာကိုကြည့်လိုက်တော့ ရင်းနှိးသလိုခံစားရပေမယ့် တမျိုးဖြစ်နေလို့ ထထိုင်တုန်းရှိသေး ဖုန်းသံကြားတာမို့ ဖုန်းကိုင်ကြည့်လိုက်တော့ သူ့ကိုရင်းရင်းနီးနီးလိုမျိုးခေါ်နေတာမို့ သူနဲ့သိတဲ့သူဖြစ်ရမယ်လို့ သတ်မှတ်လိုက်တယ် အဲ့ဒီအသံကိုတော့သူသိတယ် ခက်တာက နာမည်စဥ်းစားမရဖြစ်နေတာ ဖုန်းကိုကြည့်တော့ကျိုးချန်တဲ့ရေးထားတယ် လူနဲ့နာမည်နဲ့တွဲမရဘူးဖြစ်နေတယ်
တစ်နာရီလောက်ကြာတော့ အိမ်ရှေ့မှာ ကားသံကြားတာမို့ အောက်ထပ်ကိုဆင်းပြီး တံခါးသွားဖွင့်ပေးလိုက်သည် တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက လူလေးယောက် ပြီးတော့ သူတို့ထဲကတစ်ယောက်က သူ့ကိုအပြေးလာဖက်တာမို့ သူတောင့်တောင့်ကလေးရပ်နေမိသည်
"ကျန့်ကျန့်...ကျန့်ကျန့်..ငါ့ကိုကြည့်...ငါ..ငါကဟိုက်စန်း မင်းသူငယ်ချင်း...ငယ်ငယ်ကတည်းကသူငယ်ချင်း"
"ကျန့်ကျန့်က ကျွန်တော်လား"
သူ့ကိုယ်သူလက်ညိုးထိုးပြီးမေးလာတဲ့သူကြောင့် သူငယ်ချင်းတွေရဲ့မျက်နှာမှာ ဝမ်းနည်းရိပ်တွေသန်းကုန်ကြသည်
"အင်း...မင်းနာမည်ကရှောင်းကျန့်...ငါကချစ်လို့ ငယ်ငယ်ကတည်းကကျန့်ကျန့်လို့ခေါ်နေကျ...ငါကဟိုက်စန်း...သူကဟိုက်ခွမ်း...ဒီမှာသူ့ကိုကြည့် သူကယွီပင်း.......ဟိုမှာကကျိုးချန်...မင်းကိုခုနကဖုန်းဆက်တာကျိုးချန်...ဒီကောင်ပဲ...ငါတို့အားလုံးကအချစ်ဆုံးသူငယ်ချင်းတွေ မင်းမမှတ်ထားလဲရတယ် ငါတို့အမြဲပြောပြမယ်"
YOU ARE READING
The Deepest(အနက်ရှိုင်းဆုံး)♡Completed♡
Fanfictionငါမင်းကိုချစ်မိနေပြီဆိုရင်တောင် မင်းဘယ်တော့မှမသိစေရဘူး