Deepest 3

1.4K 62 3
                                    

"​ဒေါက်.​ဒေါက်.​ဒေါက်"

"ဝင်ခဲ့"

"Boss ဒီ​နေ့ဆိုက်ထဲကိုယ်တိုင်သွားကြည့်မှရပါမယ်"

"ပြသနာရှိလို့လား..ကျိရန်"

"မ​နေ့ကကုမ္ပဏီဘက်ကပို့လိုက်တဲ့ သံ​ချောင်း​တွေနဲ့ ဘိလပ်​မြေအိတ်​တွေက​ပျောက်သွားပါတယ်တဲ့Boss"

"တာဝန်ခံကဘယ်​ပျောက်​နေလို့လဲ?"

"မ​နေ့ကဆိုက်တာဝန်ခံက ခွင့်ယူထားတာပါတဲ့Boss
အလုပ်သမား​ခေါင်း​ဆောင်ပဲရှိတာနဲ့ သူ့ဆီပဲစာရင်းနဲ့အပ်ခဲ့တယ်​လို့ကုမ္ပဏီဘက်က ပြောပါတယ်"

"ဒါကသူကိုယ်တိုင်လက်မှတ်ထိုးထားတဲ့စာရင်း​တွေပါ"

"အဲ့ဒါဘာလို့မ​နေ့ကတည်းကမ​တင်ပြတာလဲ"

"သူတို့လဲပြသနာမရှိဘူးလို့ထင်ခဲ့လို့ပါတဲ့ Boss"

"ဟုတ်ပြီ..သွားကြတာ​ပေါ့"

X Companyရဲ့ဥက္ကဌကြီး ​ရှောင်​မင်ဟန်နဲ့ အတွင်း​ရေးမှူး ကျိရန်တို့ X constructionလက်​အောက်ရှိဆိုက်ထဲသို့ ကားနက်တစ်စီးနှင့်ထွက်သွားကြ​လေ​တော့သည်

​​ရှောင်ဥက္ကဌက လူတကာ​လေးစာအားကျရ​​သောသူတစ်​ယောက် မိဘအ​မွေနှစ်​ကြောင့်မဟုတ်ပဲကိုယ်ပိုင်ကြိုးစားအားထုတ်မှု​ကြောင့် နိုင်ငံတစ်ဝန်းမှာXအမည်နှင့်လုပ်ငန်းတွေမ​ရေမတွက်နိုင်​အောင်ပင် စီးပွား​ရေးသမား​တွေထဲမှာရှောင်ဥက္ကဌဆိုမသိသူမရှိ စီးပွား​ရေးမှာအရမ်း​အောင်မြင်သလို တိကျပြတ်သားသည် ယုံကြည်မှုကိုအလွဲသုံးစားလုပ်ခြင်းကိုလုံးဝမကြိုက်  ​​တော်​သောသူကို ​ချီး​မြှောက်တတ်သလို  အမှား​သေး​သေး​လေး​တောင်လက်မခံတတ်​တဲ့ အကျင့်​ကြောင့် ​ရှောင်ဥက္က​ရှေ့တွင်ဆို မည်သူမှ ​ယောင်လို့​တောင်အမှားမလုပ်ရဲကြ

"​ရောက်ပါပြီ..Boss"

"တာဝန်ခံ ဘယ်မှာလဲ?"

"ကျွန်​တော်​ရောက်ပါပြီ..Boss"

"အ​ပေါ်ခနတက်ကြည့်မယ်..​သေချာအလုပ်လုပ်ကြတယ်မလား."

"ဟုတ်ကဲ့ လုပ်ပါတယ်Boss..ကျွန်​တော်​သေချာဂရုစိုက်ထားပါတယ်"

The Deepest(အနက်ရှိုင်းဆုံး)♡Completed♡Where stories live. Discover now