The Deepest22

833 35 4
                                    

အ​ရေး​ပေါ်ခန်း​ရှေ့မှာ​ခေါက်တုန့်​ခေါက်ပြန်လမ်း​လျှောက်​နေတဲ့ရိ​ပေါ်ကိုကြည့်ကာ ​ရှောင်ပါးသက်ပြင်းချလိုက်သည် သူလဲပဲစိတ်​တော့ပူ​နေတာပဲ​လေ အ​တော်ဆုံးဆရာဝန်​တွေရှိ​နေတာပဲမှတ်လား
မင်ယွဲ့ရဲ့အ​ခြေ​အ​နေကိုကြည့်ပြီး သူ​စော​စောကြိုတင်ပြင်ဆင်ထား​ပေးခဲ့တာမို့အရမ်း​တော့မစိုးရိမ်မိ​ပေ

"သား.ရိ​ပေါ်..ဒီမှာလာထိုင်စမ်းပါကွာ..မင်းမားဘာမှမဖြစ်ပါဘူး ဦး​လေး​သေချာစီစဥ်ထားပါတယ်"

သူ့ဆီအကြည့်တစ်ချက်သာပို့ပြီး လမ်း​လျှောက်မြဲ​လျှောက်​နေတဲ့က​လေးက သူ့သားလိုပဲ​ခေါင်းမာတတ်​သေးတယ်​လေ အစကသူ့ကိုသားအဖြစ်​မွေးစားဖို့​ပြောတုန်းကဆိုခါးခါးသီးသီးငြင်းခဲ့တာ သူ့မားနဲ့လက်ထပ်လိုက်လို့သာဘာမှမ​ပြော​တော့တာမဟုတ်လား

"အူဝဲ...အူဝဲ"

​မွေးခန်းထဲကအသံကြားရသည်မို့ ရိ​ပေါ်​ခေါင်း​ငုံ့​နေရာက​နေ​ခေါင်းထောင်ကြည့်လိုက်သည် ​ခွဲခန်းထဲက​နေနာ့စ်တစ်​ရောက်ထွက်လာပြီး "က​လေးအ​ဖေဘယ်သူလဲ"လ်ု့​မေးလာ​တော့ ​ရှောင်ပါးထသွားလိုက်သည် နာ့စ်​လေးက ​ယောကျ်ား​လေး​မွေးပါတယ်ရှင် ဆိုပြီး က​လေးကိုသီးသန့်ခန်းဆီပို့ဖို့​ခေါ်သွားလိုက်သည်

ရိ​ပေါ် သီးသန့်ခန်းဆီသွား​နေတဲ့ နာ့စ်​တွေလက်ထဲက ညီဖြစ်သူ က​လေးငယ်​လေးကို​ပြုံးကာ​ငေးလိုက်ပြီး အခန်းထဲမားကိုလဲသတိရသွားကာ ဆရာဝန်တစ်​ယောက်ကိုမားအ​ခြေ​နေလှမ်း​မေးလိုက်သည်

"​မွေးလူနာက နှလုံး​ရောဂါရှိ​တော့ အရမ်းဂရုစိုက်မှရမယ် ​လော​လောဆယ်​တော့ အ​ခြေ​နေ​ကောင်းပါတယ် အခန်းထဲ​ရွှေ့​ပေးဖို့ပဲကျန်​တော့တယ် ဒါနဲ့ အ​ဖေ​ရော သား ဆရာဝန်ကြီးက​ပြောစရာရှိလို့တဲ့"

"ဗျာ"

"သားတို့အ​ဖေ​လေ"

"ဟို...ပါးက..."

"ကျွန်​တော်ပါဆရာမ"

အသံနှင့်အတူ​ရောက်လာ​သော ​ရှောင်းသခင်ကြီး​ကြောင့်ရိ​ပေါ်မျက်​မှောင်ကုတ်လိုက်မိသည်

"ဟုတ်ကဲ့ရှင့် ဆရာဝန်ကြီးက​ပြောစရာရှိလို့​​ လူနာရှင်ကိုမေး​နေလို့ပါ "

The Deepest(အနက်ရှိုင်းဆုံး)♡Completed♡Where stories live. Discover now