The Deepest 10

959 44 0
                                    

ရိ​ပေါ် မားအတွက် ဧည့်ခန်းထဲမှ​ရေသွားယူ​ပေးရင်း
​လှေကားက​နေဆင်းလာတဲ့အရိပ်က​လေးတစ်ခုကိုလှမ်း​တွေ့လို့ကြည့်လိုက်​တော့ မကြီးမငယ်နဲ့​ပြေးဆင်းလာတဲ့ယုန်​ပေါက် ဖြစ်​နေတယ် ​ရှောင်ကျန့်ကရိ​ပေါ်ထက် ၂နှစ်ကြီးတယ်ဆို​ပေမယ့် က​လေးစိတ်မကုန်​သေးပုံရတဲ့ယုန်​လေးက အရပ်က​လေးမဆိုသ​လောက်သာရှည်တာ ခန္ဓာကိုယ်ကတစ်ကယ်​သေး​​သေး​လေးရယ် ​ရှေ့သွား၂​ချောင်းထွက်​နေတာ​က ယုန်​ပေါက်အတိုင်းပဲ ရိ​ပေါ်​ခေါင်း​လေးအသာရမ်းပြီး အခန်းထဲပြန်ဝင်ဖို့အလုပ် ထမင်းစားခန်းကမှန်ကိုအကြည့်​ရောက်သွား​တော့ ယုန်​ပေါက်က သူ့ကို​ငေး​နေတာ​တွေ့ရသည် ရိ​ပေါ်လဲတစ်ချက်ပြုံးလိုက်ကာ အခန်းထဲပြန်ဝင်သွား​လေ​တော့သည်

​ရှောင်ကျန့် ​သူ့ကိုဆရာလုပ်သွား​သောညီမဖြစ်သူကိုစိတ်ထဲမှာသာ​ပြောဆိုပြီး ​လှေကားက​နေဆင်းခဲ့လိုက်တယ် သူဗိုက်ဆာ​နေပြီ​လေ

"ကြီးကြီး​ရေ ကြီးကြီးကျင်း..သားဗိုက်ဆာ​​နေပြီ..မြန်မြန်လုပ်ပါ"

ထမင်းစားခန်းထဲ​အော်ပြီးဝင်လာတဲ့  သခင်​လေး​ကြောင့် အိမ်​တော်ထိန်းကျင်း ပြုံးလိုက်မိသည် ဒီက​လေးမွေးကတည်းကသူ​စောင့်​ရှောက်လာခဲ့တာ အပြုံး​ချိုချိုလေး​တွေရယ် ချွဲချွဲနွဲ့နွဲ့ စကား​သံ​လေး​တွေရယ်ကိုအလွတ်​တောင်ရ​နေပြီ ဖြူစင်တဲ့ဒီက​လေး​လေးက လိုချင်တာမရရင်လဲ နှုတ်ခမ်း​လေးဆူပြီးစိတ်​ကောက်တတ်​သေးတာ

"စားလို့ရပါပြီသခင်​လေးရယ်...လာလာ ဗိုက်​တော်​တော်ဆာ​နေပြီပဲ"

"ဟွန့်..ကြီးကြီးတို့က ​ခေါ်မှမ​ကြွေးဘဲ..သားက​ကျောင်းကပြန်လာကတည်းကဗိုက်ဆာ​နေတာကို"

"ဟယ်..ဟုတ်လား?..မသိလို့ပါသခင်​လေးရယ်..ဒီလိုမှန်းသိရင် စ​တော်ဘယ်ရီ​ဖျော်ရည် လာပို့ပါတယ် အခု​တော့ထမင်းပဲစားလိုက်အုံး​နော်"

"မရဘူး ထမင်းစားပြီးရင်လဲ စ​တော်ဘယ်ရီ​​ဖျော်ရည်​သောက်အုံးမှာ လာပို့​ပေး ဟွန့်"

တစ် ဟွန့်ဟွန့် နဲ့ စိတ်​ကောက်​နေတဲ့ သခင်​လေး​ကြောင့် ​​ဖျော်ရည်​ဖျော်ဖ်ု့ရေခဲ​သေတ္တာဆီသာအမြန်​ပြေးရ​တော့သည်

The Deepest(အနက်ရှိုင်းဆုံး)♡Completed♡Where stories live. Discover now