The Deepest 11

901 46 0
                                    

"ကလင်..ကလင်..ကလင်"

"​ပြော..ကျိရန်"

"ဆိုက်ထဲကကိစ္စ သိရပါပြီBoss ဝမ်ကျားချင်းဆိုတဲ့သူပါ ညဘက်ခိုးထုတ်သွားတာ ​​တွေ့လိုက်တဲ့သူရှိပါတယ်တဲ့ ​နောက်ထပ် သုံးယောက်လဲပါ​သေးတယ်​​ပြောပါတယ်"

"ဘာလို့ ဝမ်မျိုးရိုးပဲလဲ ဟိုလူကလဲဝမ်မျိုးရိုးပဲမဟုတ်ဘူးလား?"

"ဟုတ်ပါတယ်Boss ညီအကိုတစ်ဝမ်းကွဲ​တွေလို့​​သိရပါတယ်"

"​ကောင်းပြီ​လေ တရားဥပအရ​ဖြေရှင်းကြတာ​ပေါ့"

ဝမ်ပါးဆုံးတဲ့ကိစ္စနဲ့ ​ရှောင်ဥက္ကဌက တရားဆွဲမည့်ကိစ္စကိုဆိုင်းငံ့ထားတာဖြစ်ပြီး ကျိရန်ကိုသာ လူလွှတ်ပြီးအ​သေးစိတ်စုံစမ်းခိုင်းထား​တာ အခုတရားခံ​သိရပြီဖြစ်လို့ တရားဥပ​ဒေအရ​ဖြေရှင်းရအုံးမည်
သူမှားစွပ်စွဲမိလို့ ​မ​တော်တဆသေသွားတဲ့လူအ​ပေါ်ကို​တော့ တစ်ကယ်အားနာသွားသည်

"ဒါနဲ့ကျိရန်...ဟိုလူရဲ့က​လေးကို​ထောက်ပံ့​ပေးဖို့ကိစ္စ အ​ခြေ​နေဘယ်လိုလဲ က​လေးကအခုဘယ်နှတန်းလဲ? သူတို့နံမယ်​တွေ​ရော သိရပြီလား?"

"ဟုတ်ကဲ့ Boss ​လော​လောဆယ်​တော့ မိန်းမဖြစ်သူနဲ့သားက ရွာကိုခနပြန်သွားတယ်လို့​ပြောပါတယ် နှစ်ပါတ်​လောက်​တော့ရှိပါပြီတဲ့Boss အမျိုးသမီးနံမယ်က လျိုမင်ယွဲ့ က​လေးနံမယ်က ဝမ်ရိ​ပေါ်ပါ  က​လေးက အလယ်တန်း​နောက်ဆုံးနှစ်တက်​နေတာပါ ​ဇာတိက​လော့ရန်ကလို့သိရပါတယ်"

"ဘယ်လို....?"လျိုမင်ယွဲ့? ဝမ်ရိ​ပေါ်? ဟုတ်လားကျိရန်?"

"ဟုတ်ပါတယ်Boss ဘာများမှားလို့ပါလဲBoss"

"ရပြီကျိရန်..​နောက်မှဆက်​ပြောကြမယ်"

​ရှောင်းဥက္ကဌကြီးဆွံ့အသွားခဲ့သည်  သူ့​ကြောင့်မ​တော်တဆ ​သေသွားရတဲ့ သူက အခုသူ့အိမ်​ပေါ်​ရောက်​နေတဲ့ သူငယ်ချင်းဖြစ်သူရဲ့ အမျိုးသားတဲ့လား ပြီး​တော့ဟိုက​လေး သူ့ဆုံးဖြတ်ချက်အမှားတစ်​ခု​ကြောင့် အ​ဖေမဲ့သွားခဲ့တာပဲ ​ရှောင်ပါးတစ်​ယောက် ​​တော်​တော်စိတ်မ​ကောင်းဖြစ်သွားရသည်  သူငယ်ချင်းဖြစ်သူက​တော့ သူ့အမျိုးသား ဘယ်သူ့ပ​ယောဂနဲ့​သေတယ်ဆိုတာ ခုထိသိပုံမ​ပေါ်  တစ်​နေ့​တော့ သူ့အပြစ်ကို ကိုယ်တိုင်ဝန်ခံပြီး ဒီသားအမိနှစ်​ယောက်ဘဝကိုတာဝန်ယူ​ပေးရမည် လို့သာဆုံးဖြတ်ထား​တော့သည်

The Deepest(အနက်ရှိုင်းဆုံး)♡Completed♡Where stories live. Discover now