The Deepest 46

1.2K 49 4
                                    

"ကျန့်ကျန့်...​နေမ​ကောင်းဘူးဆို...ပြပါအုံးငါ့ရဲ့ကျန့်ကျန့်​လေး...မ​တွေ့တာကြာသွား​တော့ ပိန်သွားလိုက်တာကွာ...ဒါ​ပေမယ့်​ချောတုန်းပဲ...ဟုတ်တယ်မလားဟိုက်ခွမ်း"

"အင်းဟုတ်တယ်...ငါတို့သူငယ်ချင်းကအ​ချောဆုံးပဲ"

​နောက်နှစ်ရက်​နေရင် ​ရှောင်းကျန့်မင်္ဂလာ​ဆောင်​တော့မှာမို့ ချုံးချင်းက သူငယ်ချင်း​တွေအိမ်မှာ​ရောက်​နေကြတာ

"​ဟျောင့် နျဲ့ဟိုက်စန်း...ဖယ်...ငါ့အချစ်​လေးနားဘာလို့ကပ်​နေရတာလဲ"

​ပြောကာဆိုကာနဲ့ဝင်လာသူက ယွီပင်း သူ့အ​နောက်မှာကကျိုးချန်

"​​ဘာအချစ်​လေးလဲ အဲ့ဒါငါ့သူငယ်ချင်း ငါတို့ငယ်ငယ်​လေးကတည်းကခင်လာတာ မင်းနဲ့က​နောက်မှသိတာ နောက်မှ​ပေါက်တဲ့​ရွှေကြာကများ ​နေရာလာလု​နေတယ်"

"ဘာကွ...မင်းစကားပြန်​ပြောစမ်း"

သူ့ကိုလုရင်းရန်ဖြစ်​နေကြတဲ့သူငယ်ချင်းနှစ်​ယောက်ကိုကြည့်ပြီး ​ရှောင်းကျန့်ပြုံးသာပြုံး​နေလိုက်သည်

ဟိုက်ခွမ်းကလဲ ဒီနှစ်​ကောင်ကိုမနိုင်ပါဘူးကွာဟု​ပြောပြီး ​ရှောင်းကျန့်နားလာတယ် ထ်ုအချိန်ကျိုးချန်ကလဲ​ရှောင်းကျန့်နား လာထိုင်တယ်

"​ရှောင်းကျန့်...မင်းတစ်ကယ်​ရောအဆင်​ပြေမှာလား...စိတ်ချမ်းသာမှာ​သေချာရဲ့လား"

"ကျိူးချန် ဘာလို့ဝမ်းနည်းစရာ​တွေသွား​မေး​နေတာလဲ"

"ငါဒီလိုမှမ​မေးရင် ဘယ်လို​မေးရမှာလဲဟိုက်ခွမ်း ​ရှောင်းကျန့်ကမင်းတို့နဲ့ငယ်သူငယ်ချင်းဆို​ပေမယ့် ငါနဲ့လဲ​ကျောင်းအတူတူတက်လာတဲ့သူငယ်ချင်း​တွေပါကွ"

"ငါအဆင်​ပြေပါတယ် ကျိုးချန်"

"ဟို​ကောင်​ရော...အဲ့​ကောင်ဘယ်မှာလဲ...သန်ဘက်ခါဆိုပဲမင်္ဂလာ​ဆောင်ရ​တော့မယ် သူကဘာလို့မရှိရတာလဲ"

"သူကဒီမှာမ​နေဘူး​လေကျိုးချန်...သူ့ဦး​လေးအိမ်မှာ​နေတာ"

"ဒီလိုရက်​တွေမှာ​တော့အနားမှာရှိသင့်တယ်​လေ"

"သူမအားလို့​နေမှာပါ"

The Deepest(အနက်ရှိုင်းဆုံး)♡Completed♡Dove le storie prendono vita. Scoprilo ora