ကျေးဇူးတင်လွှာ

141 8 6
                                    

နောက်ဆုံးမှာတော့ဇာတ်သိမ်းနိုင်ခဲ့ပါပြီဒီအတောအတွင်းအတူတူရှိနေခဲ့ပေးသမျှကိုကျေးဇူးအထူတင်ပါသည်။ရေးနေရင်းနဲ့ခေါင်းထဲဗလာဖြစ်သွားချိန် လက်လျော့လိုက်ရမလား။အလုပ်တွေပင်ပန်းပြီး ဘာမှမလုပ်နိုက်ချိန်ဒီတိုင်ရပ်လိုက်ရင်ကောင်းမလား ဖျားနာလို့ မတွေးနိုင်တဲ့အချိန် ဆက်မရေးနိုင်တော့ဘူးဆိုတဲ့ အတွေးမျိုးတွေဟာ အကောင့်ထဲဝင်လိုက်ချိန် ကော်မန့်လေးတစ်မြင်လိုက်ရရင်တောင်အားတက်ခဲ့မိပါသည်။ စာဖတ်သူအဆင့်ကနေ ရေးတဲ့အဆင့်ကိုကူးပြောင်းခဲ့တာကြောင့် ကိုယ့်အရေးအသားတွေဟာ အများကြီးလိုအပ်နေသေးတာလဲသိခဲ့ရတယ်။ တစ်ခန်းရေးပြီးတစ်ခါတင်လုပ်နေတော့ အချိန်ဟာမကြာသင့်ပဲ ကြာပြီး စာဖက်သူတွေစိတ်ပျက်ခဲ့မယ်ထင်ပါတယ်။ဒုတိယအကြိမ်စာအုပ်လေးမှာ ပထမစာအုပ်ထက်အနည်းငယ် တိုးတက်လာတယ်လို့မြင်ပေးရင်ပဲကျေးဇူးတင်လှပါပြီ။ဒီစာအုပ်မှာ အတွေ့အကြုံတွေလိုအပ်ချက်တွေကိုအများကြီးသင်ယူလိုက်ရတာမို့ နောက်တစ်ခါကျရင် လိုအပ်ချက်တွေသေချာဖြည့်ပြီးမှပြန်လာပါမယ် အလုပ်တစ်ဖက်နဲ့ ဝါသနာပါလို့ရေးဖြစ်တာပေါ့ အတွေးအခေါ်ဟာ ပြင်ပလောကနဲ့ ဆန့်ကျင်ကောင်ဆန်ကျင်နေပါ့မယ်။ အလုပ်နဲ့အိမ်ကလဲဲပီးဘယ်မှမသွားသူမို့ နေရာဒေသတို့ဖော်ပြတဲ့အခါမှာမသေသပ် မတိကျပါဘူး။အတွေးအခေါ်တွေဟာလဲ မကြာခင်သုံးထိပ်စီးပြောင်းတော့မှာဆိုတော့လူငယ်တွေနဲ့ယှဥ်ရင် ခေတ်နောက်ကျပါတယ်
ဒါကြောင့် အစကနေအဆုံးထိ လိုက်ခဲ့ပေးသူတိုင်းရော အခုမှ စမဲ့သူတွေကိုပါ လေးစားပြီးကျေးဇူးအထူးတင်ပါတယ်။ ပြီတော့ လိုအပ်နေတာတွေကိုလဲ ထောက်ပြဝေဖန်ပေးသွားမယ်ဆိုရင် နောက်ရေးမဲ့စာအုပ်အတွက်အများကြီးထောက်အကူပြုနိုင်မှာမို့ အကူအညီတောင်းပါတယ်။

အချစ်ဖြင့်မွန်းမံသောအရာအားလုံးသည် လှပနိုင်၏
***********************************************

မကြာခင် ပြန်တွေ့ကြမယ်
လေးစားလျှက်
မေလွန်းအိမ်

အမုန်းမှ စတည်သောWhere stories live. Discover now