အခန်း ၁၂
ဝရံတာမှာ ထိုင်ရင်း အပြင်ကို ငေးနေတဲ့ ဟန်ရွယ်ကိုးလ် ကို သူကြည့်နေမိပါသည်။ ဆေးစစ်တော့လဲ ထိုနေရာသာ ဖွဲစည်းပုံပြောင်းသွားပြီး အရာအားလုံးက ပုံမှန်လိုပဲ အကောင်းတိုင်းရှိနေလေသည်။ ထိုနေ့က ဆေးရုံက ပြန်လာတော့ အခန်းထဲ တန်းဝင်ကာ အိပ်နေခဲ့သည်။ ဘယ်သူ့ကိုမှလဲ စကားမပြောကာ ညေနစာလဲ ထမစားခဲ့ ။နှိုးရင်မကြိုက်တာမို့ နိုးလာတဲ့အချိန် တစ်ခုခုစားနိုင်အောင် ညနက်တဲ့အထိုင်စောင့်ရင်း အလုပ်တွေကို အခန်းထဲမှာပဲ ယူလုပ်လိုက်တာဖြစ်လေသည်။ ညဆယ်နှစ်နာရီလောက်ရောက်တော့ အလုပ်တွေလဲ ပြီးပြီမို့ သူအိပ်ယာဝင်ခဲ့လိုက်သည်။ မျက်လုံးတို့မှိတ်ထားတုန်း ဘေးက လှုပ်ရှားလို
က်တာကြောင့် ထကြည့်လိုက်တော့"ဟင့်အင်း ဟင့်အင်း မလုပ်ကြပါနဲ့ မဟုတ်ဘူး ကျွန်တော်အဲ့ဒီလိုလူ မဟုတ်ဘူး သွားမလာကြနဲ့ ငါ့အနားမလာကြနဲ့တော့ မထိနဲ့ ငါ့အသားကို မထိကြနဲ့ အားး"
မျက်လုံးစုံမှိတ် လူးလိမ့်အော်နေသောဟန်ရွယ်ကိုးလ် အိပ်မက်ဆိုး မက်နေပုံရကာ ချွေးတွေလဲ ရွှဲလာလေသည်။
"ဟန်ရွယ်ကိုးလ် ဟန်ရွယ်ကိုးလ်"
အသက်ရှုသံတွေက ပုံမှန်ထက် မြန်လာကာ အသံတို့မထွက်တော့တာမို့ သူလှုပ်နှိုးးလိုက်ပါသည်။
"ဟန်ရွယ်ကိုးလ်"
"ဟင် တည် တည်လား "
"အင်းဟုတ်တယ် သတိထားစမ်း"
"တည် တည် ဟီးဟီး မဟုတ်ဘူး ကျွန်တော်အာ့လိုလူမျိုးမဟုတ်ပါဘူးဗျာ ဘယ်မိန်းကလေးကိုမှ သူတို့ ဆန္ဒ မပါပဲ ကျွန်တော် အတင်းအကြပ် ရယူခဲ့တာမဟုတ်ပါဘူး ကျွန်တော့ကို ကျွန်တော့်ကို သူတို့"
သူ့လက်ကိုဆုပ်ကိုင်ကာ ငိုပြီး ပြောနေတဲ့ ဟန်ရွယ်ကိုးလ် ကို သူဆွဲဖက်လိုက်ပါသည်။
"ကိုယ်ရှိတယ် ဘာမဖြစ်ဘူး နော် စိတ်အေးအေးထား"
သူဖက်လိုက်ပြီး ခနကြာတော့ ငြိမ်သက်သွားကာ တိတ်ဆိတ်သွားလေသည်။ပြီးတော့ ဖက်ထားတာကို ရုန်းထွက်လာကာ
"sorry ကျွန်တော့ကြောင့် အနှောက်အယှက်ဖြစ်သွားမှာပဲ"
ခုကျတော့ ခုနက သူမဟုတ်သလို တည်ငြိမ်နေတဲ့ ဟန်ရွယ်ကိုးလ်ရယ်ပါ။
YOU ARE READING
အမုန်းမှ စတည်သော
Romanceချစ်ရသူမိန်းကလေးကို အရမ်းမြတ်နိုးတန်ဖိုးထားတဲ့ တည်ကြည်မင်းမြတ်။ မိန်းကလေးတွေကို အမြဲဆော့ကစားတက်တဲ့ ဟန်ရွယ် ကိုးလ်။ သူတို့နှစ်ယောက်ဆုံတွေ့လာတဲ့အခါမှာတော့ ကိုးလ်ကို အထင်သေးပြီး ကြည့်မရတဲ့ မင်းမြတိကို ကိုးလ်က ဘယ်လိုတုန့်ပြန်မှာလဲ။တစ်နေ့ မမျှော်လင့်ထားတ...