part 2-Z

244 3 0
                                    

အခန်း ၂

အလုပ်ခန်းအောင်းတာသုံးရက်မြောက်နေ့မှာတော့ အခန်းပြင်ကိုခြေချလိုက်ပါသည်။ ပြင်ပလေကို အားရအောင်ရှူရှိုက်လိုက်တော့ လူက နဲနဲ လန်းဆန်းသွားသည်။အခန်းဝမှာအကြောဆန့်နေတုန်းအပေါ်ကိုတက်လာတဲ့ ဖွား ကိုတွေ့လိုက်သောအခါ

"ဖွား "

ခေါ်လိုက်ကာ ဖွားကိုနောက်ကသိုင်းဖက်လိုက်လေသည်။

"ဟယ် လူဆိုးကောင်လေး ရေမချိုးတာ သုံးရက်ရှိပြီမှတ်လား ညစ်ပတ်တယ်ဝေ့"

"အာ ဖွားကလဲ တစ်လလောက်ရေမချိုးရင်တောင်သန့်ပြီးသား ဟဲ သားကို မုန်ဖိုးပေးအုံး"

"မပေးနိုင်ပေါင် ကြီးကောင်ကြီးမားနဲ့ အသက်ကြီးတဲ့ အဖွားကြီးဆီကနေ လက်ဝါးဖြန့်တောင်းနေတုန်း"

"ဘာလဲ ဖွားက ဘယ်သူ့အတွက်ရှာနေတာမို့လဲ တိတ်တိတ်ပုန်းမြေးတွေဘာတွေများရှိလို့လား"

"ဟယ် ဒီကောင်လေး ဖွားအေကို ဒါနဲ့ ဘယ်တော့များ ဖွားဆီက လုပ်ငန်းတွေကို လက်လွှဲယူဖို့ဆုံးဖြတ်ထားလဲ"

"နိုးပါ သားမလုပ်နိုင်ပါဘူး မုန့်ဖိုးလဲမတောင်းတော့ဘူး လုပ်ငန်းအကြောင်းမပြောပါနဲ့ဗျာ ခေါင်းတွေကိုက်လာပြီရေချိုးတော့မယ်"

ဖွားအေကို စလို့ ဝပြီး ထွက်သွားတဲ့ မြေးတော်မောင်ကို ကြည့်ရင်း ဒေါ်သက်ထားဆွေပြုံးမိပါသည်။ဖအေဖြစ်သူနောက်အိမ်ထောင်ပြုတော့ ဖအေကို ဂျစ်တိုက်ပြီး အရွဲ့တိုက်နေပေမယ့် လူကောင်းလေးဖြစ်သည်။ လောဘမရှိ ဂုဏ်မကာသနလဲမမက်မောပေ။ကိုယ်ပိုင်လုပ်ငန်းလုပ်နိုင်ရဲ့သားနဲ့ လုပ်ငန်းတွေလဲစိတ်မဝင်စားပဲ  သူဝါသနာပါတဲ့ ဗိသုကာဒီဇိုင်းဆွဲခြင်းအလုပ်ကိုသာလုပ်သည်။ အလုပ်တိုင်းကိုလဲလက်မခံပဲ စိတ်ကူးပေါက်မှ လက်ခံလေသည်။နောက်ဆုံး ဖွားအေရဲ့ လုပ်ငန်းအတွက်တောင် ဆွဲခိုင်းလို့မရပါ။

"ကိုးလ်ရေ ကိုးလ် လောရှည်ကောင်နင်မပြီးသေးဘူးလား"

လာပါပြီ မြေးရဲ့ မတည့်အတူနေ မမြင်ရရင်မနေနိုင်သူလေး။လူက ပုပုသေးသေးနဲ့ အသံက လူနဲ့ တခြားဆီ ဒါကြောင့်မို့လဲ သားကိုးလ်နဲ့ တွဲနိုင်တာပေါ့။

အမုန်းမှ စတည်သောWhere stories live. Discover now