part 23 U-Z

512 21 2
                                    

အခန်း ၂၃

နိုးနိုး ကိုမင်းမြတ်ဆီက ဖုန်းရတာနဲ့ လုပ်လက်စတွေ ချက်ခြင်း ထားခဲ့ကာထွက်ခဲ့လိုက်ပါသည်။ ပွဲ ပြီးထဲက အပ်ထည်တွေများပြီး အလုပ်ရှုပ်နေကာ ကိုးလ်နဲ့ အဆက်အသွယ် မရှိတာကြာပြီဖြစ်လေသည်။ အမှန်ဆိုသူမ ပစ်ထားသလိုဖြစ်နေတာပင်။ ကိုးလ်က အရင်ထဲက စပြီးဆက်သွယ်တာမဟုတ်။ နိုးနိုး ကိုယ့်ကိုကိုယ်အပြစ်တင်မိရင်း ကားကို ဂရုစိုက်မောင်းလာခဲ့လိုက်လေသည်။အိမ်ရောက်တော့

"ကိုမင်းမြတ် ကိုးလ်ရော"

"အပေါ်မှာ နိုးနိုး အခြေနေက ကိုယ်ဖုန်းထဲက ပြောထားသလိုပဲ ကိုးလ်ကို နားဝင်အောင်ပြောပေးပါအုံးကွာ ကျွန်တော်တောင်းဆိုပါတယ်"

"ဟုတ်ကဲ့ ကိုမင်းမြတ် နိုးနိုး သေချာပြောလိုက်ပါ့မယ်"

ကျွန်တော်ဖြစ်လိုက် ကိုယ်ဖြစ်လိုက်တဲ့ စိတ်ပူပန်နေတာကို အတိုင်းသား ကိုမင်းမြတ်ဆီမှာသူမတွေ့လိုက်ရပါသည်။

နိုးနိုး လူစုံအောင်ပင်နှုတ်မဆက်နိုင်ပဲ အပေါ်ကိုတက်ခဲ့လိုက်သည်။ကိုမင်းမြတ် ပြောပုံအရ ကိုးလ်မှာ ကိုယ်ဝန်ရှိနေပြီး ကိုးလ်က ထိုကိုယ်ဝန်ကိုမလိုချင်ဘူးဖြစ်နေသည်တဲ့။ ဘာအကြောင်းပြချက်မှ မရှိပဲနဲ့တော့ ကိုးလ် ဒီလိုပြောမှာမဟုတ် သူမ သိရမှဖြစ်လေမည်။

"ဒေါက် ဒေါက် ကိုးလ် ငါဝင်ခဲ့မယ်နော်"

"နိုးနိုး လား ဝင်ခဲ့လေ"

သူမ တံခါးဖွင့် ဝင်ခဲ့လိုက်တော့ ကုတင်ခြေရင်းမှာ ခြေဆင်း ထိုင်နေသောကိုးလ် အသားဖြူသူမို့ မို့အစ်ပြီး နီရဲနေတဲ့ မျက်ဝန်းတို့က ကိုးလ်ငိုထားသည်ဆိုတာကို သိသာစေလေသည်။

"ကိုးလ် ဘယ်လိုဖြစ်တာလဲဟာ "

"နိုးနိုး ငါ ငါလေ"

နဂိုဝမ်းနည်းနေတဲ့အရှိန်နဲ့ နိုးနိုးကိုမြင်လိုက်ရတဲ့အချိန် သူထိန်းချုပ်ထားသမျှကို လွှတ်ချရင်း နိုးနိုးပုခုံးပေါ်မျက်နှာအပ်လိုက်ပါသည်။

"ကိုးလ်ရယ် နင်ဘာတွေဖြစ်နေတာလဲဟာ ငါ ငါ ပစ်ထားမိသလိုဖြစ်တာတောင်းပန်ပါတယ်ဟာ အဟင့်"

အမုန်းမှ စတည်သောWhere stories live. Discover now