part -5-U

408 14 0
                                    

အခန်း ၅

"သား မင်းတီလေးရော နေကောင်းရဲ့လား"

"ကောင်းတယ်မာမီ"

"အားရင် အပြင်လေး ဘာလေး လိုက်ပို့ပါကွယ် အိမ်မှာတစ်ယောက်ထဲ ပျင်းနေပါ့မယ်"

"သားကပို့ပေးမယ်ပြောပါတယ်မာမီရဲ့ တီလေးကိုက မသွားတာ"

"မင်းတီလေးက ငယ်ငယ်က အကျင့်အတိုင်းပဲ မပြောင်းလဲဘူး"

"မဟုတ်ပါဘူး မမရယ် မြတ်က လူတွေရှုပ်တဲ့ နေရာတွေမကြိုက်လို့ပါ"

ဧည့် ခန်းထဲမှာ မာမီနဲ့ ဗီဒီယိုကော ပြောနေတာမို့ ရောက်လာတဲ့ တီဘေးကပါ သူ့ဘေးမှာထိုင်ပြီးဝင်ပြောလေသည်။

"မမ ရောနေကောင်းတယ်မှတ်လား"

"ကောင်းတယ်မြတ်"

"သားကို မာမီ ပြောစရာရှိလို့သား"

"ဟုတ်မာမီ ပြောလေ"

"အလေးအနက်ဖြစ်သွားသော မာမီပုံစံကြောင့် သူလဲစခရင်ကို အာရုံစိုက်လိုက်ပါသည်။

"မင်းကို  မင်းဖိုးဖိုးက အိမ်ထောင်ချပေးမလို့တဲ့"

"အာ မာမီကလဲ သားက အိမ်ထောင်မပြုချင်သေးတာကို"

"အင်း မင်းအဲ့ဒီလိုပြောမှာ မာမီသိတယ်သား ဒါကြောင့် ဖေဖေမပြောခင် မာမီအရင်ပြောတာ မင်းဖိုးဖိုးအကြောင်းလဲ မင်းသိတယ်မဟုတ်လား။ သူဆုံးဖြတ်လိုက်ရင် ဘယ်သူမှပြင်လို့မရတော့တာ"

"မာမီ ဒါက မတူဘူးလေ သားဘဝနဲ့ဆိုင်တဲ့ အရာ ပြီးတော့ သားမှာချစ်သူရှိတယ် "

"မာမီ သိတယ်သား ဒါပေမယ့် မင်းဖိုးဖိုးက လက်ခံမှာမဟုတ်ဘူး "

"လက်မခံလဲ မတက်နိုင်ဘူး မာမီ သားကတော့သားချစ်သူကိုပဲ လက်ထပ်မှာ"

"မာမီပြောတာအရင်နားထောင်ပါအုံးသားရယ် မင်းတို့အရင်စေ့စပ်ရမှာပါ လက်မထပ်ခင်အချိန်အတွင်း သူ့ရဲ့ အားနည်းချက်ကိုရှာပြီး မင်းဖိုးဖိုးကိုပြောပြီး စေ့စပ်တာဖြတ်လဲရလောက်ပါတယ် ပြီးတော့ ဘယ်သူဆိုတာလဲ မသိသေးပဲနဲ့ အရင်တွေ့ကြည့်လိုက်ပါအုံး မြင်လို့ မင်းသဘောကျသွားရင်လဲတစ်မျိုးပေါ့"

အမုန်းမှ စတည်သောWhere stories live. Discover now