part 11 U-Z

430 15 3
                                    

အခန်း ၁၁

တစ်ခါတစ်လေမှာ ဘယ်လိုမှ ထင်မှတ်မထားတဲ့ အရာတွေဟာ ကျွန်တော်တို့ဆီရောက်လာတက်ကြပါတယ်။စိတ်ကူးတောင်ထည့်မယဉ်တက်တဲ့အရာမျိုးတွေပေါ့။တည်နဲ့ ကျွန်တော်အခန်းထဲ အတူအိပ်တာခုဆိုတစ်ပတ်ပြည့်ပြီဖြစ်သည်။ အိမ်ထဲမှာ လူတွေရှိနေပေမဲ့ အမြဲ အိမ်ကခြောက်သွေ့နေခဲ့သည်
က တည်ကလဲ အိမ်မှာရှိချိန်ဆိုအလုပ်ခန်းထဲအနေများသလို သူကလဲ အိပ်ချိန်မှ လွဲ၍ အိမ်မကပ်။ ဒီနေ့တော့ ရုံးကို လိုက်သွားရတော့မှာမို့ သူစောစောထဖြစ်ပါသည်။ နောက်ကျလို့ မျက်မှောက်ကြုတ်နေမဲ့ ထိုလူကြီးမျက်နှာလဲ မမြင်ချင်။ သူရေချိုးခန်းဝင်ဖို့အဝတ်အစားဝင်လဲပြီး ပြန်ထွက်လာတဲ့အထိ တည်မနိုးသေးပါ။ အရင်ဆို သူနိုးလာရင်မရှိတော့သည်မဟုတ်ပါလား။ ပထမဦးဆုံးအကြိမ် မနက်ခင်း တည်အိပ်နေတာကို သူမြင်ဖူးတာမို့ ငါးမိနစ်လောက်ထိုင်ကြည့်ခဲ့သေးသည်။ အိပ်မောကျနေတာမို့ သူ့ကြောင့် နိုးသွားမှာစိုးပြီး ရေချိုးခန်းတံခါးကို​​ဖြေး ဖြေ​ေလး အသာပိတ်လိုက်ပါသည်။ရေချိုးခန်းထဲရောက်တော့ မှန်ထဲမှာ ပေါ်နေတဲ့ အဝတ်ဗလာနဲ့ အပေါ်ပိုင်းကိုကြည့်ရင်း စိတ်ထဲကနေလဲတွေးလိုက်မိသည်။ ဘယ်လိုစိတ်မျိုးနဲ့များ ဒီလူကြီးကို ငါသဘောကျမိသွားပါလိမ့် ဒီလို ဘော်ဒီနဲ့ဆို မိန်းကလေးတွေကို ပတ်ခြွေနေလို့ရပြီး ဟင်းဟင်း။ ကိုယ့်အတွေးနဲ့ ကိုယ် သဘောကျနေရင်း အပေါ့သွားခြင်လာတာမို့။
ခါးက ပုဝါကိုဖြေဖို့အလုပ်

"အားးးးးးးးးး"

မင်းမြတ်အိပ်နေရင်း ဟန်ရွယ်ကိုးလ်ရဲ့ အော်သံကြီးကြောင့်လန့်နိုးသွားလေသည်။ ရေချိုးခန်းထဲက လာတာမို့ အမြန်တံခါးကိုဖွင့်ကြည့်လိုက်တော့ စေ့ရုံတင်စေ့ထားတဲ့ တံခါးက ပွင့်သွားလေသည်။ ထိုအခါ တံခါးပေါက်ဖက်ကို ကျောပေးပြီးခါးကပုဝါကို ဖြန့်လျှက်သားကိုင်ထားရင်းအောက်ကို ငုံ့ကြည့်နေတဲ့ ဟန်ရွယ်ကိုးလ်

"ဘာဖြစ်တာလဲ"

သူ့အသံကြားတော့ ခေါင်းပဲလှည့်လာကာ မျက်နှာမှာ ထိပ်လန့်မှု့တို့က အထင်းသား။ ဟန်ရွယ်ကိုးလ်ရဲ့ ​ထိပ်လန့်ကြောက်ရွံ့နေပုံကို ပထမဆုံး မြင်ဘူးတာမို့
သူနဲနဲတော့ အံသြ သွားမိသည်။

အမုန်းမှ စတည်သောWhere stories live. Discover now