part 6-U

630 17 2
                                    

အခန်း (၆)

"ဘယ်လို ကိုးလ် ငါနားရှင်းအောင်ပြန်ပြောပါအုံး"

ငခန့် ပြန်ရောက်လာတော့ သုံးယောက်သား ကလပ်မှာ ဆုံကြတာဖြစ်လေသည်။တနေ့ ကဖွားပြောတာတွေက နားထဲ​ ပြန်ကြားယောင်လာခဲ့သည်။ ထိုနေ့
ကဖေဖေရယ် သူရယ် ဖွားရယ်အချိန်အတော်ကြာတဲ့အထိ စကားဝိုင်း ဆက်ခဲ့လေသည်။

"မြေး ဖွားသေချာအောင်မေးမယ်နော် ဖွားစေ့စပ်ပေးမှာက ယောက်ျား တစ်ယောက်ဖြစ်နေတာကို မြေး သဘောတူတာသေချာရဲ့လား "

ဖွားအလေးအနက်ပြောလာတော့သူချက်ခြင်းအဖြေ ပြန်မပေးနိုင်။ဒါကိုပင် ဖေဖေက

"ဟွန့် ကြည့်ပါလား မေမေ့ မြေးက သားကို ရွဲ့နေတာပါဆို"

တွေးတောနေတဲ့ အတွေးတို့ပြတ်တောက်သွားကာ သူမော့ကြည့်လိုက်တော့ ဖေဖေထံမှ လှောင်ပြုံးတို့ ရလိုက်လေသည်။

"မြဟန် မင်း ခနလောက်ငြိမ်ငြိမ်နားထောင်ပေးပါလား"

"ဆက်ပြောကြပါ ကျွန်တော်ငြိမ်နေပါ့မယ်"

"မြေးသေချာနားထောင် ဖွားက လုပ်ငန်းတွေက်ု ဦးစီးဖို့ သက်တမ်းဘယ်လောက်ကျန်လဲဆိုတာမသိဘူး။ မြေးကိုလဲ မြေးစိတ်မပါတဲ့ အရာတွေကို မလုပ်စေချင်ဘူး။ တခြားမိန်းကလေးနဲ့ဆိုရင်လဲ လုပ်ငန်းတွေကို ဦးစီးသွားပြီး မြေးကို ထားခဲ့ မှာဖွားစိတ်ပူတယ်"

"မေမေက ဘာဖြစ်နေလို့လဲ"

"မဖြစ်ပါဘူး မြဟန်ရယ် ငါက ဖြစ်နိုင်ခြေတွေပြောပြတာပါ"

"မောင်မင်းမြတ်က ဒီလုပ်ငန်းပိုင်း ကိုအစထဲက ကျွမ်းကျင်ပြီးသား"

"သူက ရောဒီလုပ်ငန်းတွေကို မယူသွားနိုင်ဘူးလား"

"မြဟန် မြတ် ဆောက်လုပ်ရေးက ပြည်တွင်းရော ပြည်ပမှာပါ ငါတို့ထက်အများကြီးသာတယ်ဆိုတာ မင်းမသိတာမဟုတ်ဘူးနော်"

"လူဆိုတာပြောလို့မရဘူးလေ မေမေ"

"မင်းမိန်းမနဲ့ ဆွေမျိုးတွေရဲ့ ရန်ကိုသာ မင်းသတိထားနေပါ ငါမြေးကို ပြောနေတယ်မြဟန် မင်းအပြင်ထွက်နေလိုက်တော့ လိုရင်းမရောက်တော့ဘူး"

အမုန်းမှ စတည်သောWhere stories live. Discover now