အခန်း (၂၆)
ဒီဇင်ဘာလရဲ့ ညနေခင်းလေးတစ်ခုမှာပေါ့။ လူနဲ့မလိုက်အောင် အရှေ့ကို ပူထွက်နေတဲ့ ဗိုက်ဖောင်းဖောင်းနဲ့ နှုတ်ခမ်းကိုရှေ့ကိုဆူထွက်ကာ မျက်မှောက်ကြုပ်ထားသောကောင်လေးရယ် ထိုကောင်လေးကို ချော့မော့ပြီး တစ်ခုခုလုပ်ဖို့ ပြောနေတဲ့ ကောင်လေးရယ်် မြက်ခင်းစိမ်းတွေပေါ်မှာ အတူရှိနေလေရဲ့
"တည် ကျွန်တော်မလျှောက်ချင်ဘူး အိပ်ချင်တယ်လို့"
"မင်းအိပ်တာတွေများနေပြီ ကိုးလ်ရဲ့ အန်တီကပြောထားတယ်လေ အစားရော အအိပ်ရောလျှော့ရမယ်လို့ သားသားနဲ့မီးမီးက အရမ်းထွားနေတယ်လေ"
"ထွားပါစေပေါ့ ပိုတောင်ကောင်းသေးတယ် "
"ဘယ်လိုပိုကောင်းတာတုန်း ကိုးလ်ရာ သူတို့တွေနေရကြပ်တာပေါ့"
"မသိဘူးဗျာ ကျွန်တော်လဲ နေရခက်တယ်ဗျ အလေးကြီးကိုသယ်ပြီးလမ်းလျှောက်ရသလိုပဲ"
"နှစ်ခေါက်ပဲကွာ နှစ်ခေါက်"
"သေချာတယ်နော်"
"အင်းသေချာတယ်"
"ပြီးရော"
ဒန်းပေါ်ထိုင်နေသောကိုးလ်ကို လက်မောင်းနှစ်ဖက်ကနေအသာထိန်းမပေးရလေသည်။ ဗိုက်က ရှစ်လထဲရောက်နေပြီမို့ ဘေးက လူမကူရင်ကိုးလ်မထနိုင်။ ထိုင်ရင်လဲ ထိုအတိုင်းပင်။ ခြေထောက်တွေဆိုတာလဲ ယောင်ပြီးဖောင်းနေတာ ပန်းရင့်ရောင်တောင်ပြောင်းနေလေသည်။ သူကိုယ်ချင်းစာပါသည်။ သို့ပင်မဲ့ မလျှောက်လို့ကလဲ မဖြစ်။ ကလေးအရမ်းထွားနေရင်မွေးတဲ့ အခါ ကိုးလ် ပိုခံစားရမည်ဖြစ်သည်။ ကိုယ်ဝန် ရှိပြီးတဲ့နောက် ကိုးလ်က အများကြီး ပြောင်းလဲခဲ့သည်။ ခနခနစိတ်ကောက်လာသလို အငိုလဲ သန်လာခဲ့သည်။ တစ်ခါတလေ ဆို ချွဲတက်သေးသည်။ညအိပ်နေရင်း သန်းခေါင် ကျော် ရေချိုးချင်တယ်ဆိုလို့ ဆောင်းတွင်းကြီးရေ နွေးစပ်ပေးကိုယ်တိုင်ရေချိုးပေးတွေ ထလုပ်ရသေးသည်။အနွေးထည်မဝတ်တက်သူမို့ ညဆို နှစ်ခါသုံးခါလောက် ထပြီးစောင်ခြုံပေးရသေးသည်။ ကိုးလ် အိပ်မပျော်တဲ့ညတွေဆို သူ့ကိုဘယ်လောက်ချစ်ကြောင်း ဘယ်လို ရင်ခုန်ရကြောင်းနဲ့ သဝန်တိုတဲ့အကြောင်းတွေ စိတ်လိုလက်ရပြောပြတက်သည်။ ထိုအခါတွေမှာ အိပ်ချိန်ကျော်လို့ သူက အိပ်ခိုင်းလိုက်ရင် သူ့ကိုထက် ကလေးတွေကို ပိုချစ်တယ်ဆိုပြီး စိတ်ကောက်ကာ ငိုတက်ပါသေးသည်။ သားသားနဲ့ မီးမီးကို ချစ်တာလဲ သူ့အပြင်နှစ်ယောက်မရှပေ။
YOU ARE READING
အမုန်းမှ စတည်သော
Romanceချစ်ရသူမိန်းကလေးကို အရမ်းမြတ်နိုးတန်ဖိုးထားတဲ့ တည်ကြည်မင်းမြတ်။ မိန်းကလေးတွေကို အမြဲဆော့ကစားတက်တဲ့ ဟန်ရွယ် ကိုးလ်။ သူတို့နှစ်ယောက်ဆုံတွေ့လာတဲ့အခါမှာတော့ ကိုးလ်ကို အထင်သေးပြီး ကြည့်မရတဲ့ မင်းမြတိကို ကိုးလ်က ဘယ်လိုတုန့်ပြန်မှာလဲ။တစ်နေ့ မမျှော်လင့်ထားတ...