part 17 U-Z

604 25 1
                                    

အခန်း ၁၇

မြတ် ဆို တဲ့ စာလုံးကြီး ဘုတ်တင်ထားတဲ့ အဆောက်အဦ ရှေ့မှာ ကားက ရပ်သွားလေသည်။ စိတ်ထဲ အလိုမကျရင် တွန်းချိုးနေတဲ့ မျက်ခုံးတို့ကို ဖြေလို့မရ တည် ရဲ့ အတွင်းရေမှူးထင်တယ် လူတစ်ယောက်က ရှေ့မှာ အဆင်သင့်စောင့်နေလေသည်။

"ဘော့စ် ရောက်လာပြီလား"

"အင်း ကိုမျိုးနိုင် ဒါ ကျွန်တော်ပြောထားတဲ့ တစ်ယောက် ကျွန်တော်အစား ဂရုစိုက်ပေးပါအုံး ဟန်ရွယ်ကိုးလ် လို့ခေါ်တယ်"

"ဟုတ်ကဲ့ ဘော့စ်"

"ကိုးလ် ဒါ ကိုမျိုးနိုင်တဲ့ လိုအပ်တာရှိရင် သူ့ပြောလို့ရတယ်"

"အင်း"

"ဒါနဲ့ ကိုယ်အခု အစည်းအဝေးခန်း တန်းသွားမှာ မင်းလိုက်ခဲ့မလား"

"လိုက်ခဲ့မယ်လေ ကျွန်တော်လဲ လုပ်စရာမှ မရှိတာ"

"အင်း ကောင်းတယ် တင်ဒါတစ်ခုတင်စရာရှိလို့ လိုအပ်တာတွေရှိရင်လဲ အားမနာနဲ့ကိုးလ် ဝင်ထောက်ပြလို့ရတယ်"

"အင်း"

လမ်းတစ်လျှောက်လုံး မင်းမြတ် သတိထားမိနေတာ မိန်းကလေး ဝန်ထမ်းတွေရဲ့ အကြည့်တွေက ကိုးလ်ဆီမှာဖြစ်လေသည်။ အစည်းအဝေးခန်းထဲ ရောက်တော့လဲ ထိုသို့ပင်

"ကဲ အစည်းအဝေးစကျတာပေါ့"

သူတို့ထိုင်လိုက်သည်နှင့် ပထမဆုံးတင်ပြမဲ့ အဖွဲ့က လိုအပ်တဲ့ စာရွက်စာတန်းတွေ လိုက်ဝေလေသည်။
ပြီး တော့ စခရင်ပေါ်ကနေတစ်ယောက်က ရှင်းပြပေးနေသည်။ ကိုးလ်က စခရင်ကို သေချာမကြည့် စာရွက်ကိုသာ အာရုံစိုက်ရင်း မျက်မှောက်ကြုတ်နေလေသည်။တစ်ဖွဲ့ရှင်းပြလို့ပြီးတော့

"ကိုးလ် မင်း ဘယ်လိုသဘောရလဲ"

"ကျွန်တော်တော့ သိပ်အဆင်ပြေမယ်မထင်ဘူး ။ ဒီဇိုင်းပိုင်းမှာ မလိုအပ်တာတွေက များနေတယ်ထင်ရတယ် ။ ဖယ်လိုက်ပြန်ရင်လဲ ဒီဇိုင်းက ထ
င်သလောက်မပေါ်တော့ဘူး"

"အင်း နောက်တစ်ဖွဲ့"

နောက်တစ်ဖွဲ့ ပြီးပြန်တော့

"သိပ်တော့မဆိုးပေမယ့် အချိန်ကြန့်ကြာမှု့အရမ်းများသွားလိမ့်မယ် ကုန်ကျစာရိတ် ဝန်ထမ်းစရိတ်နဲ့ဆို အချိန်ကုန်တာပဲ အဖက်တင်သလိုဖြစ်မလားလို့"

အမုန်းမှ စတည်သောWhere stories live. Discover now