part 10 U-Z

702 24 5
                                    

အခန်း ၁၀

အခွင့်အရေးရတုန်း အဝငေးနေတဲ့အချိန် သူက ဒီဘက်ကိုလှည့်လာတာမို့ မျက်လုံးအစုံတို့မှိတ်ချထားလိုက်ပါသည်။ ရင်မဆိုင်ချင် ကိုယ့်ရဲ့ နူးညံ့မှု့တွေကို သူ့နဲ့ မုန်းတီးချင်းတွေနဲ့ မတွေ့ဆုံစေချင် ။

"ဟဲ့ မင်းမြတ် နင်တို့ ထွက်လာအုံးမှာလား"

နှောင်းရဲ့ အသံစူးစူးက အိမ်ထဲကို ပြန့်လွင့်လာတော့ သူထိုင်ရာက ထထွက်ခဲ့လိုက်သည်။ ခြံထဲမှာ သူငယ်ချင်းတွေအတွက် ပွဲအသေးစားလေးစီစဥ်ပေးတာဖြစ်လေသည်။ ဖိုးဖိုးတို့က သူတို့အတွက် လိုအပ်တာလုပ်ပေးဖို့ အသက်နှစ်ဆယ်အရွယ်ကောင်လေးတစ်ယောက်ရယ် ထမင်းချက်နဲ့ ခြံစောင့်ဖို့အတွက် အသက်လေးဆယ်အရွယ်လင်မယားနှစ်ယောက်ရယ် ထားခဲ့လေသည်။ ကောင်လေးက နိုင်ငံခြားသွေးရောသူမို့ မြန်မာလိုသိပ်မပီချင်။ဖိုးဖိုးက သူတို့ကို ကြည့်ဖို့အတွက် ထိုကောင်လေးကို မှာခဲ့သေးသည်။ ဖိုးဖိုးကိုယ်တိုင်မိဘမဲ့ ကျောင်းက ခေါ်ထားတာမို့ တစ်ခုခုဆို ဖိုးဖိုး ကိုလှမ်းပြောမှာက အသေအချာပင်။

"အကိုလေး ခြံထဲမသွားဘူးလား"

နားထဲ ဝင်လာတဲ့ စကားသံ ဝဲဝဲကြောင့် ကိုးလ်မျက်လုံးအစုံဖွင့်ကြည့်လိုက်တော့ ဂျေစီ ဖြစ်နေလေသည်။ နိုင်ငံခြားသားပီပီ မြင့်မားသောအရပ်နဲ့ မျက်ခုံးထူထူ ထင်ပေါ်နေသောနှာတံတို့ကြောင့် ရှိရင်းအသက်ထက် ပိုရင့်ကျက်နေသလိုဖြစ်နေသည်။

"မင်းလဲသွားမှာမှတ်လား လာလေ"

"ဟုတ် အကိုလေး"

"နေအုံး မင်းဟိုတစ်ယောက်ကိုရော ဘယ်လို ခေါ်မှာလဲ"

"အကိုလေး လို့ပဲလေ "

"အဲ့ ဒါဆို ငါ့ကို ကိုးလ် လို့ပဲခေါ်"

"ဟုတ်ကဲ့"

"လာသွားမယ်"

ဂျေစီရဲ့ ပုခုံးကို ဖက်ကာ ခြံထဲဆင်းခဲ့လိုက်လေသည်။ လူအများကြီးမဟုတ်တာကြောင့် စားပွဲရှည်တစ်လုံးသာခင်းထားပြီး အသားကင်များဝိုင်များနဲ့ စားစရာတွေပြည့်နေလေသည်။ သီချင်းသံတိုးတိုးကလဲ ဝိုင်သောက်ရင်းခံစားလို့ကောင်းကာ ပိုယစ်မူးစေပါသည်။မင်းမြတ်က တစ်ဖက်ထိပ်ရဲ့ အစွန်မှာဖြစ်ပြီး ကိုးလ်ကတော့ ဆန့်ကျင်ဘက်အစွန်မှာဖြစ်လေသည်။ မှောင်ရိပ်ကျတဲ့ ဘက်မို့ ကိုးလ် ဘယ်ကိုကြည့်နေလဲဆိုတာမသိနိုင်ပေ။ကိုးလ် ဝိုင်ကိုအနည်းငယ်သာသောက်ရင်း ဆန့်ကျင်ဘက်အရပ်က ဝိုင်ထဲကို အရက်တွေရောပြီး တစ်ခွက်ပြီး တစ်ခွက်မော့သောက်နေသူထံ ကြည့်နေပါသည်။ ဒါကိုသတိထားမိသွားတဲ့နိုးနိုးက

အမုန်းမှ စတည်သောWhere stories live. Discover now