Part 25.U.Z

524 17 0
                                    

အခန်း ၂၅

ရှိုင်း ကိုးလ်ကို အနေအထားမှန်အောင်အရင်ထားလိုက်ပါသည်။ စမ်းသပ်ကြည့်လိုက်တော့မှ ကလေးနှလုံးခုန်သံကြားရသေးလို့သက်ပြင်းချမိသည်။နှောင်းဆီကိုဖုန်းဆက်ပြီးလှမ်းခေါ်ထားလိုက်ပါသည်။ နာရီဝက်လောက်အကြာမှာတော့ နှောင်းနဲ့အောင်ခန့်ရောက်လာလေသည်။ နှောင်းအဘယ်မျှစိတ်ပူသည်မသိ ညအိပ်အဝတ်အစားတောင်မလဲနိုင်ပဲပါလာလေသည်။ ဒါနဲ့ အောင်ခန့်ကရော ။ နောက်မှမေးတော့မယ်လို့သာတွေးထားလိုက်ပါသည်။နှောင်းက ကိုးလ်ကို သေချာထပ်စမ်းသပ်နေရင်း

"ဟူး တော်ပါသေးရဲ့ဟာ"

"အခြေနေဘယ်လိုလဲနှောင်း"

"လန့်ပြီးရှော့ဖြစ်သွားလို့ သွေးရေကြည်ဆင်းတာ"

"ကလေးရောအဆင်ပြေရဲ့လား"

"ခုထိတော့အဆင်ပြေနေသေးတယ် မနက်နိုးလာမှ အာထရာဆောင်းရိုက်ကြည့်ရမယ် ဒါနဲ့ ဟိုကောင်မင်းမြတ်က ဘာဖြစ်တာလဲ"

"သရက်သီးစားပြီး ချီးပန်းတာတဲ့"

"ဟယ် ဘယ်လို"

"ဟုတ်တယ် ပန်းတာတောင်ရိုးရိုးမဟုတ်ဘူး အပန်းလွန်ပြီး အိမ်သာရှေ့လဲကျနေတာ"

"ခွီးးး"နှောင်းမထိန်းနိုင်စွာ လက်ဝါးအုပ်ရယ်လိုက်မိပါသည်။

"အဲ့ဒါကြောင့် ကိုးလ်လေး လန့်သွားတာထင်တယ်ဟာ"

"ဟုတ်မှာပေါ့ ငါစစတွေ့တုန်းကတောင်ပြာယာခပ်နေတာ"

"ကိုးလ်လဲ မင်းမြတ်ကို တော်တော် ချစ်ရှာသားနော်"

"မင်းမြတ်လဲဘာထူးလဲ  ပါးစပ်ကသာ ပိုး ဖြစ်နေတာ ကိုးလ် တစ်ခုခုဖြစ်တာနဲ့ စိတ်အပူဆုံးက သူပဲ"

မင်းမြတ်နဲ့ ကိုးလ်အခြေနေကိုစောင့်ကြည့်ရင်း သူတို့မိုးလင်းသွားခဲ့ပါသည်။

"ဒါနဲ့ မိနှောင်းမ ဘယ်လိုဖြစ်ပြီးနင်နဲ့အောင်ခန့်ကအတူရှိနေတာလဲ"

"အမ် ငါလှမ်းခေါ်လိုက်တာလေ"

"ငါအရက်သောက်ထားလို့ ကားမမောင်းနိုင်လို့လှမ်းခေါ်တာ"

"ဒီကောင်က ချက်ခြင်းရောက်လာတာပဲလား"

"ငါ ဘားကပြန်လာတုန်း သူဖုန်းဆက်တာနဲ့ ကြုံတာကွာ"

အမုန်းမှ စတည်သောWhere stories live. Discover now