အခန်း ၃၇
ဒီနေ့ ဟိုလူမအားတာနဲ့ ဂျေစီကို ကားမောင်းခိုင်းပြီးကလေးတွေကို ကိုးလ်ကျောင်းလိုက်ပို့ပါသည်။
ကျောင်းရှေ့ရောက်တော့ သူအရင်ဆင်းကာ နောက်ခန်းက ကလေးတွေတံခါးကို ဖွင့်ပေးလိုက်တော့ သားကြီးကရှေ့က အရင်ဆင်းကာ မီးငယ်လေးက တံခါးနားတိုးလာပြီး"ပါးပါး ချီ"
ခြောက်နှစ်ထဲရောက်နေပြီဖြစ်သောမီးငယ်လေးက သေးသေးညှပ်ညှပ်လေးမို့ သူချီလိုက်တော့ ဆွေ့ကနဲပါလာလေသည်။
"ပါးပါး အာဘွား"
ထုံးစံအတိုင်းသူပါးကို နှုတ်ခမ်းလေးထော်ပြီးနမ်းလေသည်။ အချိန်တွေကြာလာတော့ ကိုးလ်ကလေးတွေနဲ့နေသားကျလာပါသည်။ စစချင်းလောက်မစိမ်းသက်တော့ပေ။
"မီးမီးကို အာဘွားပေးအုံး"
သူ့ပါးဖောင်းဖောင်းလေးကို နမ်းပေးလိုက်တော့မျက်လုံးတွေပိတ်သည်အထိ တစ်ခစ်ခစ်ရယ်နေသည်။
"ပါးပါး ညနေလာကြိုနော် "
"ကောင်းပြီ ကျောင်းမှာကောင်းကောင်းနေနော်"
"ဟုတ်ကဲ့"
"သားကြီး ညီမလေးကိုဂရုစိုက်နော်"
"ဟုတ်ကဲ့ ပါးပါး"
ကလေးနှစ်ယောက် လက်ချင်းတွဲကာ ကျောင်းထဲဝင်သွားလေသည်။ ကျောင်းမှာပြသာနာတက်ပြီးနောက်ရက်ကြတော့ ထိုလူက ကလေးနှစ်ယောက်ကို မေးလေသည်။
"သားကြီးနဲ့ မီးငယ်လေး ဒယ်ဒီပြောတာသေချာနားထောင်"
အငယ်မလေးက နဲနဲဆိုးချင်သော်လဲ သူတို့ဒယ်ဒီတည်တံ့တဲ့အခါ ငြိမ်ပြီးစကား နားထောင်ရှာသည်။
"မင်းတို့မှာ မေမေ မရှိလို့ဝမ်းနည်လား"
"ဟင့်အင်း"
နှစ်ယောက်လုံးက ပြိုင်တူခေါင်းခါလေသည်။
"မေမေ မလိုချင်ဘူးဒယ်ဒီ သူရ ရဲ့ မေမေ က သူရကို ပါးပါးတို့ ဒယ်ဒီတို့ သားတို့ကို ချစ်သလိုမချစ်ဘူး"
"ဟုတ်တယ်ဒယ်ဒီ မီးမီးလဲ သူရ မေမေ လို မေမေ မျိုးမလိုချင်ဘူး ပါးပါးနဲ့ ဒယ်ဒီရှိတယ်လေ မေမေက ဘာလုပ်ရမှာလဲ"
![](https://img.wattpad.com/cover/334213975-288-k70147.jpg)
YOU ARE READING
အမုန်းမှ စတည်သော
Romanceချစ်ရသူမိန်းကလေးကို အရမ်းမြတ်နိုးတန်ဖိုးထားတဲ့ တည်ကြည်မင်းမြတ်။ မိန်းကလေးတွေကို အမြဲဆော့ကစားတက်တဲ့ ဟန်ရွယ် ကိုးလ်။ သူတို့နှစ်ယောက်ဆုံတွေ့လာတဲ့အခါမှာတော့ ကိုးလ်ကို အထင်သေးပြီး ကြည့်မရတဲ့ မင်းမြတိကို ကိုးလ်က ဘယ်လိုတုန့်ပြန်မှာလဲ။တစ်နေ့ မမျှော်လင့်ထားတ...