Part 27 U-Z

442 15 1
                                    

အခန်း ၂၇

အိပ်နေရင်းမှ ကိုးလ် ဗိုက်ထဲက တစ်ခုခုထူးဆန်းသလိုခံစားလာရပါသည်။ ဒေါက်တာ ပေးထားတဲ့ ဒိတ်က တစ်ပတ်တောင်လိုသေးတာကို ရိုးရိုး ဗိုက်အောင့်တယ်ပဲထင်ပြီး ကိုးလ် ငြိမ်နေလိုက်သေးသည်။ တဖြေးဖြေးနဲ့ ဗိုက်က ပိုနာလာလေသည်။ မရတော့

"တည် တည်ရေ ထအုံး"

"ဟင် ကိုးလ် ဘာလို့လဲ"

"ဗိုက်နာလို့ "

"အင်း အိမ်သာသွားမလို့လား လာ ကိုယ်တွဲပေးမယ်"

"မဟုတ်ဘူးထင်တယ် အိပ်သာသွားချင်လို့နာသလိုမဟုတ်ဘူး ထူးဆန်းနေတယ်"

"အမ် ဘာဖြစ်တာလဲ "

"မသိဘူး အား နာတယ်"

"ခနလေးကိုးလ် တီလေးကိုသွားခေါ်လိုက်အုံးမယ်"

ညနှစ်နာရီကြီးမှာ မင်းမြတ်တစ်ယောက်အပေါ်ထပ်ကို ပြေးတက်ခဲ့လိုက်သည်။

"တီလေး တီလေး "

"မင်းမြတ်လား"

"ဟုတ်တီလေး ကိုးလ် က ဗိုက်ထဲက နာနေလို့တဲ့ လာကြည့်ပေးပါအုံး"

"အေးအေး လာပြီသား"

တီလေးက သူနာပြုသင်တန်းတက်ထားသူမို့ ဘာဖြစ်လဲ နားလည်နိုင်မှာပင်။ မင်းမြတ်တစ်ယောက် ခြေတွေတောင်မခိုင်ခြင်ဖြစ်လာလေသည်။

သူတီလေးကိုမစောင့်တော့ပဲ အရင်အောက်ထပ်ကိုပြေးဆင်းလာခဲ့လေသည်။

"တည်ရေ တည် နာတယ် အရမ်းနာတယ် ဟီးဟီးဟီး"

"တီလေး လာပြီကိုးလ် ခနလေးနော်"

ဘေးကနေ ကိုးလ်ရဲ့ လက်ကိုဆုပ်ကိုင်ပေးရင်းသူဆိုနေမိပါသည်။

"ဟင် သားငယ်မွေးတော့မယ်ထင်တယ်သားကြီး မင်းတို့ဆေးရုံသွားတော့ "

"ဗျာ ရှေ့အပတ်မှာဆိုတီလေး "

"တစ်ခါတလေ ဖြစ်တက်တယ် ဆေးရုံအရင်သွား တီလေးလိုတာတွေယူပြီးလိုက်ခဲ့မယ်"

တစ်အိမ်လုံးဆူညံနေတာကြောင့် ကျန်လူများပါနိုးလာပြီး ဂျေစီကကားအဆင့်သင့်လုပ်ထားပေးလေသည်။

မင်းမြတ်တစ်ဖက်က ကိုးလ်ကိုတွဲ ပြီး တစ်ဖက်ကနှောင်းဆီ ဖုန်းခေါ်နေလိုက်ပါသည်။ ကိုးလ်ကိုကားထဲအရင်ထည့်ပြီး ဘေးမှာ သူဝင်ထိုင်လိုက်ပါသည်။
နာကျင်လွန်းလို့ နှုတ်ခမ်းကို ကိုက်ထားတဲ့ ကိုးလ်ကိုကြည့်ရင်း သူသနားလာသည်။

အမုန်းမှ စတည်သောDonde viven las historias. Descúbrelo ahora