Part 29.U.Z

409 14 2
                                    

အခန်း ၂၉

"တည် ကျွန်တော်မနေတက်ဘူးဗျ"

"ကိုးလ်ကလဲ တစ်မနက်လောက်သီးခံလိုက်ပါကွာနော်"

"နေရတာတစ်မျိုးကြီးပဲ"

"ပါးပါး မီးမီးလှလား"

"လှပါဗျာ"

"နိုးနိုးရဲ့ အစွမ်းနဲ့ မီးငယ်လေးရော သားကြီးပါ မြန်မာဝတ်စုံလေးတွေနဲ့ ကြည့်ကောင်းနေလေသည်။

အမှန်တော့ဒီနေ့ ကိုအောင်ခန့်ကို မိန်းမ သွားတောင်းပေးရန်ဖြစ်သည်။ လွန်ခဲ့သော တစ်ပတ်ကမှ မနှောင်းနဲ့ ကိုအောင်ခန့်ချစ်သူတွေဖြစ်နေပြီဆိုတာသိခဲ့ရသည်။ အိမ်ကသဘောတူထားတဲ့ လူ လဲ ရှိနေတော့ အချိန်စွဲလို့ မရတော့တာကြောင့်အမြန်စီစဥ်လိုက်ရတာဖြစ်လေသည်။ ကိုအောင်ခန့်မိဘတွေက နိုင်ငံခြားမှာမို့ လူကြီးနေရာမှာ သူတို့သာ ဖြစ်သွားလေသည်။ နိုးနိုးပြင်ပေးထားသော လည်ကတုံးလက်ရှည်နဲ့ ပိုးပုဆိုးကြောင့် လူကနေရတာတစ်မျိုးဖြစ်နေလေသည်။

"တည် ပုဆိုးက ကျွတ်ကျမလားမသိဘူးနော်"

"ခါးပတ် ပတ်မလား"

"ဘယ်ကြည့်ကောင်းတော့မလဲ"

"ကိုယ်တို့က အဓိက လူတွေမဟုတ်ဘူးလေကွာ"

"မဟုတ်ပေမဲ့ လူမြင်ကောင်းအောင်တော့ နေသင့်တာပေါ့"

"ကဲ အဲ့ဒါဆိုလဲ ခိုင်အောင်သာဝတ်"

ပုဆိုးကိုချွတ်လိုက် ပြန်ဝတ်လိုက်နှင့် အလုပ်ရှုပ်နေသောကိုးလ်ကို ကုတင်ထက် ထိုင်ကာ ​သူကြည့်နေမိပါသည်။ အရင်လို ဆိုးသောအပြုအမူလေးတွေပျောက်ကာ နူးညံ့ခြင်းတွေအပြည့်က ကိုးလ်ဆီမှာရှိနေခဲ့သည်။ အလုပ်တွေဘယ်လောက်များများ ချစ်ရသူရဲ့ မျက်နှာလေးကိုမြင်ရဖို့အရေး တစ်နေ့ကိုနှစ်ခေါက်လောက်သူအိမ်ရောက်အောင်ပြန်သည်။ သူ့ရဲ့နွေးထွေးရာတွေ စုပြီးတည်နေနေတဲ့ အိမ်ကိုပြန်လာတဲ့အချိန်ဆို တစ်နေ့တာလုံးမှာ အတက်ကြွဆုံးဖြစ်နေလိမ့်မည်။ ဒီလူသားလေးကို ဒီလောက်ထိသူဘယ်အချိန်ကများ မြတ်နိုးမိသွားလဲမသိခဲ့ပါ။ တွေ့ဆုံခွင့်ပေးတဲ့ ကံကြမ္မာကိုပဲ ကျေးဇူးတင်နေမိသည်။ ကိုးလ်အနားကို လျှောက်သွားလိုက်ရင်း နောက်ကနေ ခါးကို ဖက်လိုက်ပါသည်။

အမုန်းမှ စတည်သောWhere stories live. Discover now