part 13-U-Z

563 20 1
                                    

အခန်း ၁၃

အိမ်ထဲမှာအမြဲနေရတာ ပျင်းလာပြီမို့ နိုးနိုး ကို ခေါ်ကာ အပြင်ထွက်ခဲ့လိုက်ပါသည်။ အပြင်ရောက်ပြန်တော့လဲ ဘယ်မှာ သွားချင်စိတ်မရှိတာနဲ့ ကော်ဖီဆိုင်တစ်ခုရဲ့ ထောင့်မှာ ထိုင်နေလိုက်ကြသည်။ မှန်ထဲကနေအပြင်ကိုငေး ကာ သူ့ခေါင်းထဲ ဘာမှမရှိပဲ ဗလာကြီးဖြစ်နေလေသည်။

"ကိုးလ် ဟဲ့ ကိုးလ် "

"ဟင် ဘာလဲ" ငေးနေပြီး ဘာမှ မတွေးပေမဲ့ နိုးနိုးခေါ်လိုက်တာ သူမကြားပါ။

"နင်အဆင်ပြေရဲ့လားလို့ ငါမေးနေတာလေ"

"ဟင် ဘယ်ဟာကိုလဲ"

"အကုန်လုံးပေါ့ဟာ"

"အင်း တစ်ဝက်တစ်ဝက်ဆီပေါ့"

"ဘယ်လိုကြီးလဲ"

"အင်း တည်က ငါ့ကိုနဲနဲတော့ ဂရုစိုက်လာတာပေါ့"

"ဒါနဲ့တင်ကျေနပ်ပြီလားနင်က"

"မကျေနပ်လို့ရော ငါက ဘာတွေများ ပိုမျှော်လင့်နိုင်မှာလဲ"

"နောက်တစ်ဝက်ကရော"

"ဒီလိုမျိုးကြီး ငါအမြဲနေသွားရမှာလားလို့ဟာ ညအိပ်တိုင်း တည် ရဲ့ လက်ကို ကိုင်ထားမှ ငါအိပ်ပျော်တယ် ခုချိန်ငါ့လက်တွေက အေးနေပေမယ့် တည့် အသားကို ထိထားရင် နွေးလာတယ် ငါ့ကြောင့်သူအဆင်မပြေ ဖြစ်နေတာကို ငါမလိုချင်ဘူးဟာ"

"ဒါကတော့ ကိုးလ်ရယ် နင်လဲ တမင်လုပ်ယူထားတာမှ မဟုတ်တာ"

"ငါက သူ့အတွက်အနှောက်အယှက်တစ်ခုလို ဖြစ်နေတာကြီးလေ"

" နင့်ဘက်ကအတွေးလေ သူ့က တစ်မျိုးတွေးခြင်တွေးမှာပေါ့"

"ငါသူ့ကို မချုပ်နှောင်ထားချင်ဘူး နိုးနိုး"

"ကိုးလ် နင်သူ့ကိုချစ်တယ်ဆို "

"ချစ်တာနဲ့ ချုပ်နှောင်ထားတာမတူဘူးနိုးနိုး ငါ့အချစ်က လွတ်လပ်တယ် "

"ခုနင်သူ့ကို ပိုင်ဆိုင်ထားပြီးပြီပဲ"

"အဟင်း တစ်နှစ်တဲ့ နိုးနိုးရဲ့"

"ဘယ်လို"

"ဟုတ်တယ် ငါနဲ့သူ အတူရှိတဲ့ ဒုတိယရက်မှာတင်သူပြောတာ တစ်နှစ်ပြည့်ရင် ကွာရှင်းမယ်တဲ့ သူ့ချစ်သူကိုပဲလက်ထပ်မှာတဲ့"

အမုန်းမှ စတည်သောWhere stories live. Discover now