part-22 U-Z

546 21 3
                                    

အခန်း ၂၂

တင်ဒါအောင်ပြီးတော့ လုပ်ငန်းစတဲ့ အချိန်ကစပြီး ကိုးလ်ရောသူပါအလုပ်များလေတော့သည်။ ကိုးလ်က ပစ္စည်းဝယ်တာတွေကို သူကိုယ်တိုင်လိုက်ဝယ်တာမို့ သူ့ထက်ပိုပင်ပန်းလေသည်။ သူကိုယ်တိုင်ဆွဲထားတာမို့ အရေအသွေးကို အဆင့်မှီအောင်ဆိုပြီး ကိုယ်တိုင်လိုက်လုပ်ပါသည်။ သူသည်လဲ ငွေဝင်ငွေထွက်ကိုသေချာစီစစ်ရသည်။ တစ်ခါတလေ ပြန်ချိန်နောက်ကျနေချိန်ဆို ကိုးလ်သည်။အရင်အိပ်ပျော်နေတက်သည်။လုပ်ငန်းစတာတစ်လကျော်လောက်ကြာလာတဲ့အထိသူတို့အလုပ်တွေ ရှုပ်နေကျတုန်းပင်။ဒီနေ့မနက်တော့ ကိုးလ် အိပ်ယာထနောက်ကျနေလေသည်။သူရေချိုးပြီး ထွက်လာတဲ့တော့မှ ကိုးလ်နိုးလာလေသည်။

"ကိုးလ် နိုးပြီလား"

"အင်း "

"နေမကောင်းဘူးလား ဘာလို့လဲ"

"ကောင်းပါတယ် မနေ့က နေပူထဲသွားလိုက်ကားထဲဝင်လိုက်ဖြစ်လို့နေမယ် ခေါင်းက သိပ်မကြည်ဘူး"

"ဟုတ်လား နားလိုက်ပါလားဒီနေ့"

"အာ မဖြစ်ဘူး ပစ္စည်းတွေလာချမှာ ကျွန်တော်စစ်ရအုံးမယ်"

"ကိုယ်သွားလိုက်မယ်လေ မင်းပင်ပန်းနေပြီ"

"ရတယ်ကျွန်တော်ပဲ သွားလိုက်မယ် "

"နားသင့်ရင်နားပါကွာ"

"အင်းပါ ကျွန်တော် မခံနိုင်တော့ရင်တော့နားမှာပေါ့"

"ဒါနဲ့ ဒီတစ်ခေါက်ပစ္စည်းဝင်ပြီးရင် နားလို့ရပြီမှတ်လား"

"အင်း တစ်လစာလောက်တော့ဝယ်ထားတယ် မှန်းခြေဆိုပေမယ့်လွှတ်ထားလို့တော့မရဘူး အလေအလွင့်မများအောင်တော့ သွားစစ်ဆေးပေးရမှာ"

"အင်းပါ ကိုယ်က မင်းပင်ပန်းမှာစိုးလို့"

"ကျွန်တော်ရေချိုးလိုက်အုံးမယ် တည် စောင့်နေအုံးနော် ဆိုက်ထဲ ကျွန်တော်ကို ဝင်ပို့ပေး ဂျေစီ ကို ကျွန်တော်တခြားခိုင်းထားလို့"

"အင်း ပို့ပေးမယ်လေ"

ကိုးလ်ရေချိုးပြီးအောက်ဆင်းလာတော့ ထမင်းကြော်နံ့ကိုရပြီး ဗိုက်ဆာလာလေသည်။

အမုန်းမှ စတည်သောWhere stories live. Discover now