part 15-U-Z

570 22 2
                                    

အခန်း ၁၅

နိုးနိုး ရုံးခန်းထဲမှာ ဒီဇိုင်းဆွဲနေတုန်း ဧည့်သည်ရောက်နေတယ်ဆိုလို့ ရှေ့ထွက်ခဲ့လိုက်တော့

"ဟယ် မမနှောင်း ဘယ်ကလှည့်လာ"

"အင်း နိုးနိုးဆီ တန်းလာတာ မောင်လေးအတွက် အဝတ်အစားလေးတွေအပ်ချင်လို့"

"ဟုတ်မမ ရုံးခန်းထဲ သွားမယ်လေ မမ မောင်လေးကရော"

"အင်း ဟိုမှာလာပြီ"

မမနှောင်းပြတဲ့ ဆိုင်အဝကိုကြည့်လိုက်တော့

"ဟင် "

ကိုးလ် မင်္ဂလာဆောင်တုန်းက ဝင်တိုက်မိတဲ့လူ

"ဝိုး ဘေဘီ ပြန်တွေ့ပြန်ပြီနော်"

"ဘာ ဘာဘေဘီလဲ ကျွန်မကလေးမဟုတ်ဘူး"

"ဒီအရပ်နဲ့ ဒီဆိုဒ်ဆိုရင် ကလေးပေါ့"

"ရှင်!"

"နေ နေ ကျပါအုံး မောင်လေး နင်တို့က သိနေတာလား"

"သိတယ်လေ " "မသိပါဘူး"

အသံတို့ကပြိုင်တူထွက်ပေါ်လာပေမဲ့ စကားလုံးတို့ကတော့ဆန့်ကျင်ဘက်

"အမ် ဘယ်လိုကြီးတုန်း စစ်ငါနာမလည်တော့ဘူး"

"သော့လာယူတဲ့နေ့က ဟိုတယ်မှာ တိုက်မိတာမမ "

"တိုက်မိတာနဲ့ပဲ သိစရာလား" နိုးနိုး ဝင်ပြောလိုက်တော့

"ကိုယ်က သိအောင်လုပ်မလို့ပဲလေ ဘေဘီ က အရင်ထွက်သွားပြီးတော့"

"ဒီမှာ ရှင်နော် ကျွန်မ ကလေးမဟုတ်ဘူးလို့" တစ်ခုခုဆို ခြေဆောင့်တဲ့ အကျင့်​ကြောင့်

"ခုလို စိတ်တိုနေတာကိုက ဘေဘီ ပုံစံဖြစ်နေတာ"

"စစ်ရယ် စမနေနဲ့တော့ နိုးနိုးလေး ငိုတော့မယ် နိုးနိုး အမကပဲတောင်းပန်ပါတယ်ကွယ် မောင်လေးက အစအနောက်အရမ်းသန်လို့ပါ"

"ဘေဘီ ဆိုတာ ကလေးမှ ခေါ်တာမဟုတ်ပါဘူး ချစ်စရာကောင်းတဲ့ လူတွေကိုလဲ ဘေဘီ လို့ခေါ်တာပဲလေ"

ထိုလူက ပြောလာတော့အခါ နိုးနိုး မျက်နှာပူလာပြီး ဘာပြောရမှန်းမသိပေ။

"ကိုယ့် ဘာသာပဲ မိတ်ဆက်တော့မယ် ကျွန်တော့်နာမည် စစ်သွေးပါ။ မမ ရဲ့ တစ်ဦးတည်းသောမောင်လေး လက်ရှိအလုပ်အကိုင်ကတော့ မော်ဒယ်လုပ်နေပါတယ် ရေစပ်ကတော့ပါတယ်ထင်တယ် အလုပ်အကိုင်တွေတောင်နီးစပ်လို့"

အမုန်းမှ စတည်သောWhere stories live. Discover now