part 14

567 20 1
                                    

အခန်း၁၄

မနက်ခင်းနေရောင်ခြည်ရဲ့ အလင်းရောင်နဲ့ နွေးထွေးမှု့က မှန်ကနေထိုးဖောက်ဝင်ရောက်လာလေသည်။လေးကန်နေသောမျက်လုံးတို့ကို မဖွင့်ချင်သော်လဲ
အလင်းစူးနေရင်မအိပ်တက်သော ကိုးလ်တစ်ယောက်နိုးလာခဲ့ပါသည်။ မလှုပ်ချင် အကြာကြီးအိပ်ထားတယ်ထင်သော်လဲ ခြေလက်တွေက လေးနေသလို မလှုပ်ရှားနိုင်။ ပြီးနောက်သတိထားမိသည်က စောင်အောက်မှ ရင်ဘတ်တွင်တင်ထားသောသူ့ လက်ပေါ်၌ နွေးထွေးသောတစ်စုံတစ်ရာ။ အားနေသောလက်တစ်ဖက်ဖြင့် စောင်ကိုဖွင့်ကြည့်လိုက်တော့ နှုတ်ခမ်းထက် အပြုံးတို့ ခိုတွဲလျှက်။ ဘေးကို စောင်းငဲ့ကြည့်လိုက်တဲ့အခါ အသက်ရှုသံမှန်မှန်ဖြင့်​အိပ်မောကျနေသော တည် ။ ဘေးတစ်စောင်းအနေအထားအတိုင်း လက်တစ်ဖက်က သူ့လက်ကို အုပ်ကိုင်ထားပြီးအိပ်နေတာဖြစ်လေသည်။
မလှုပ်မယှက်အနေအထားတိုင်း တည် မျက်နှာရဲ့ အစိတ်အပိုင်းတို့ကို လိုက်ကြည့်နေမိသည်။ အမြဲတမ်းတွန့်ချိုးနေသော နဖူးပြင်က ခုလို အိပ်နေချိန်ဆို ပကတိ ပြောင်ရှင်းလျှက် အမြဲနောက်သို့သာလှန်ဖီးထားသော ဆံသားတို့က ခေါင်းလျှော်ချိန်မှ လွဲ၍ အမြဲ ထိုပုံအတိုင်းရှိနေတက်သည်။နက်မှောင်နေသော မျက်ခုံးတို့က ဘယ်ချိန်ကြည့်ကြည့်ထင်းနေတက်သည်။ ရယ်တဲ့ အခါ တစ်မျိုးကြည့်ကောင်းပြီး တည်တဲ့ အခါ တစ်မျိုးကြည့်ကောင်းနေသောနှုတ်ခမ်းတို့က ခုလို တင်းတင်းစေ့ထားတဲ့အချိန်ဆိုလဲ မက်မောဖွယ်ကောင်းလွန်းသည်။ လေးထောင့်ဆန်နေသော မျက်နှာကျပုံစံနဲ့ လိုက်ဖက်လွန်းစွာ ထင်ပေါ်နေတဲ့ နှာတံတို့ကလဲ သူ့အတွက်မြတ်နိုးစရာတွေအတိဖြစ်နေလေသည်။ အားရအောင်ကြည့်နေတုန်းမှာပဲ တိုစိပ်စိပ်မျက်တောင်ဖျားတို့က လှုပ်ရှားလာလေသည်။ကိုးလ် ထိုအနေအထားနဲ့ပင် မျက်ဝန်းတို့မှိတ်ချလိုက်ပါသည်။ မျက်လုံးတို့မှိတ်ထားသော်လဲ ဘေးမှ လှုပ်ရှားမှု့တို့ကို သိနေရသည်။ တည်က အရင်ဦးဆုံး နိုးလာတာနဲ့ သူ့နဖူးပြင်ကို လာစမ်းပါသည်။ပြီးတော့ စောင်အတွင်းမှ ကိုင်ထားသောလက်ကို အသာအယာဖြတ်ယူပြီး စောင်ကို ရင်ဘတ်အထိဆွဲတင်ပေးသည်။ ထို့နောက် နဖူးနားတစ်ဝိုက် ပြန့်ကျနေသော သူဆံပင်များကို သပ်တင်ပေးလေသည်။ ပါးနှစ်ဖက်ကို လက်နဲ့စမ်းချိန်မှာတော့ တစ်ဒိန်းဒိန်းခုန်နေသောရင်ခုန်သံကို တည် ကြားသွားမှာစိုးပြီး အသက်အောင့်ထားရလေသည်။ပြီးနောက် နှားဖျားရှေ့ လက်ညိုးလေးလာခံတော့ ရယ်ချင်စိတ်ကို မနည်းထိန်းထားရပါသည်။ တည်က သူကို အားလုံး စမ်းသပ်ပြီးမှ ဝရံတာဘက်ထွက်သွားသံကြားလိုက်ရလေသည်။ ကိုးလ် မျက်ဝန်းတို့ အသာဖွင့်ကြည့်လိုက်တော့ အပေါ်ပိုင်း အဝတ်ဗလာနဲ့ တည်ရဲ့ ကျောပြင်ကို မြင်ရလေသည်။ တည်က အကြောလျှော့ပြီးတော့ လေ့ကျင့်ခန်းလုပ်နေလေသည်။ ပုံမှန်မနက်ခင်း ထပြေးတက်တဲ့ တည်က ဒီနေ့တော့ သူ့ကြောင့် အပြင်မှာ မပြေးတော့ဘူးထင်ပါရဲ့။တည်ရဲ့ လှုပ်ရှားမှု့တိုင်းကို ငေးနေရင်း မျက်တောင်ခပ်ရမှာပင်နှမြောမိပါသည်။ နာရီဝက်လောက်နေတော့ တည်ကအထဲပြန်ဝင်လာလေသည်။ မျက်ဝန်းတို့ ဖွင့်ထားတဲ့ သူ့ကို မြင်တော့

အမုန်းမှ စတည်သောWhere stories live. Discover now