Part 31 U-Z

441 13 1
                                    

အခန်း ၃၁

ရုန်းထွက်သွားသော လက်လေးဟာ အကွာအဝေးအားဖြင့် သိပ်မရှိသော်လဲ မင်းမြတ် အဝေးကို လွင့်ထွက်သွားသလို ခံစားလိုက်ရပါသည်။

"ပါးပါး မီးမီးလေ မီးမီးကိုစိတ်ဆိုးနေတာလား"

ငိုသံလေးနှင့် ပြောလာသော အသေးမလေးအသံကြောင့် ခေါင်းထဲ တဆစ်ဆစ်ဖြစ်လာလေသည်။

"အား ခေါင်းကိုက်တယ်"

ဆရာဝန်သွားခေါ်သော ရှိုင်းပြန်ရောက်လာပြီမို့

"အပြင်ခနလောက်ထွက်ပေးကျပါ လူနာက သတိရကာစဆိုတော့ လူအရမ်းများနေရင်သူ့အတွက်အဆင်မပြေနိုင်လို့"

အခန်းထဲတွင် ဖွားရယ် ဆရာဝန်ရယ် ရှိုင်းရယ်သာကျန်ခဲ့ပါသည်။

"နှောင်း"

အလန့်တကြားဖြင့်နှောင်းကိုကြည့်မိတော့ ဆရာဝန်ပီပီနားလည်နေသောနှောင်း က သူ့လက်ကို လာဆုတ်ကိုင်ပါသည်။ သိပ်မကြာခင်အချိန်မှာပဲ ရှိုင်းတို့ထွက်လာလေသည်။

"မင်းမြတ်မင်းခနလိုက်ခဲ့အုံး"

"ရှိုင်းခေါ်တဲ့နောက်ကို လိုက်သွားခဲ့လေသည်။ကိုးလ်ကိုနောက်တစ်ကြမ် စစ်ဆေးပြီးတဲ့အချိန်မှာတော့ ဆရာဝန်နဲ့ သူသွားတွေ့ရသည်။ ဘေးမှာ ရှိုင်းနဲ့နှောင်းကလဲ ရှိနေပေးသည်။

"မောင်မင်းမြတ်"

"ဟုတ်ကဲ့ ဒေါက်တာ ပြောပါ "

"အင်း ဘယ်လိုပြောရမလဲဆိုတော့ အခု လူနာကို ထပ်စစ်ဆေးတာကလဲ ထူးခြားတာဘာမှသိပ်မတွေရဘူး။ ဒါပေမယ့် အခု လူနာရဲ့ အခြေနေက မှတ်ဉာဏ် တစ်ချို့ကိုမေ့နေတဲ့ အနေအထားလို့ယူဆတယ်"

"ဗျာ"

"ဟုတ်တယ် အရာအားလုံးကို မေ့သွားတာမဟုတ်ပဲ သူမေ့ချင်တဲ့ အရာတစ်ချို့ကိုပဲ မေ့သွားခဲ့တာ"

"ပြန်သတိရနိုင်လားဆရာ"

"သတိရလာနိုင်ပါတယ် သူမေ့နေတဲ့မှတ်ဉာဏ်တွေထဲက အရာတွေမျိုးနဲ့ ထိတွေ့ပါများလာရင်ပေါ့ အချိန်အားဖြင့်တော့ခန့်မှန်းလို့မရဘူး မတော်တဆမဖြစ်ခင်က သူမေ့ချင်တဲ့အကြောင်းအရာကိုပဲ မေ့ပျောက်သွားတာဆိုတော့ သူ သတိမရချင်သမျှ ကာလတစ်လျှောက်လုံးတော့ ပြန်မှတ်မိလာမှာမဟုတ်ဘူး"

အမုန်းမှ စတည်သောWhere stories live. Discover now