Part 21.U-Z

522 21 1
                                    

အခန်း ၂၁

"ကို မျက်နှာလဲ မကောင်းပါလား နေမကောင်းလို့လား"

"ကောင်းပါတယ်ပိုးရဲ့ ဘာမှမဖြစ်ပါဘူး"

"ကို့ ကို ကြည့်ရတာဒီရက်ပိုင်းအရင်နဲ့ကိုမတူဘူး အလုပ်ထဲမှာ ပြသာနာရှိလို့လား"

"အင်း ပြသာနာရယ်လို့လဲ မဟုတ်ပါဘူး ဒီလိုပဲ လုပ်ငန်းပိုင်းမှာ အနည်းငယ်တော့စိတ်ရှုပ်စရာတွေရှိတာပေါ့"

သူမညာချင်သော်လဲ ညာလိုက်မိပါသည်။အမှန်က အိမ်မှာကျန်ခဲ့သောကိုးလ်ဆီစိတ်ရောက်နေတာဖြစ်သည်။ ကန်ဘောင်ကပြန်လာပြီးတော့ ကိုးလ်က သူ့အလုပ်ခန်းမှာပဲ အလုပ်လုပ်ပါသည်။ တံခါးလော့ချမထားနဲ့ဆိုတဲ့သူစကားကိုတော့နားထောင်သည်။ တကယ်ပဲ အိပ်လဲမအိပ် စားလဲ ထွက်မစားပါ။ သူဝယ်ထားနဲ့ မုန့်အချို့နဲ့ အအေးဗူးတွေကိုသာသောက်သည်။စိတ်မကြည်လို့ပဲလားစိတ်မရှည်တာကြောင့်ပဲလားတော့မသိ အလုပ်ခန်းထဲဝင်နေတာ ရက်အတော်ကြာနေသည်။ ရေထွက်ချိုးသည်။ ဘယ်သူ့ကိုမှစကားမပြော။ သူအိပ်နေရင်းတစ်ရေးနိုးထကြည့်ချိန်ဆို ကိုးလ်တစ်ယောက်မအိပ်ပါ ။ ဘေးပတ်ပတ်လည်မှာလဲ လုံးခြေထားသော စာရွက်များ ။ အနားယူဖို့ပြောချင်ပေမယ့် အနှောက်အယှက်ဖြစ်မှာစိုး၍မပြောမိ။ဒီတိုင်းသာကြည့်နေရပါသည်။ ဒီနေ့ဆို ငါးရက်မြောက်နေ့ဖြစ်နေပြီ။ ပြီးတော့ ရာသီလာတာလဲ ပြီးပြီ ထင်ပါသည်။ မနက်က သူပြင်ပေးထားတဲ့ လစဥ်သုံးကို အသုံးမပြုတော့။ဒီနေ့ပြန်ရင်တော့အနားယူဖို့သေချာပြောရမည် ။

"ကို ဘာတွေစဥ်းစားနေတာလဲ"

"ဟမ် မစဥ်းစားပါဘူး ပိုးရယ်ဒီတိုင်းပဲငေးနေတာ"

"ကို တကယ်ပဲ ပိုးကို လက်ထပ်ဖို့စဥ်းစားထားတာလား"

ရုတ်တရတ်ကြီးထမေးလာတဲ့ ပိုးရဲ့စကားကြောင့် သူပြောစရာမဲ့သွားလေသည်။

"ဘာဖြစ်လို့မေးတာလဲ ပိုးရဲ့"

"ပိုးသိချင်လို့ပါ ပိုးမှာက ဘာပိုင်ဆိုင်မှု့မှ မရှိဘူးလေ နောက်ခံအင်အားလဲမရှိသလို ဥစ္စာအင်အားလဲ မရှိဘူး "

"အာ ပိုးကလဲ မဆိုင်တာတွေ တွေးနေပြန်ပါပြီ"

"တကယ်ပြောတာ ပိုးမှာ ကို ပဲ ရှိတာ "

အမုန်းမှ စတည်သောWhere stories live. Discover now