part 19 U.Z

560 21 2
                                    

အနည်းငယ်အမြင်မသင့်တော်နိုင်သောစာသားများပါဝင်နိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

အခန်း ၁၉

ဖက်ရှင်ရှိုးပြိုင်ပွဲမှာ နိုးနိုးဝင်ပြိုင်ထားတာကြောင့် သူတို့တွေအကုန်လာဖြစ်ပါသည်။စစ်သွေးကတော့ တက်ကြွတဲ့ ကြက်ဖကြီးပေါ့ ။ သူတို့ရှေ့မှာအမြဲစနောက်နေတဲ့လူက ပွဲထဲလဲရောက်ရော တစ်ခြားတစ်ယောက်လိုပင်တည်ငြိမ်လို့ အင်တာဗျူးဖြေလိုက် ပုံအရိုက်ခံလိုက်နှင့်ဟုတ်နေတာပဲ။နိုးနိုးကောင်းမှု့ကြောင့် စဥ်ကိုကောင်းကောင်းမြင်ရတဲ့ နေရာမှာသူတို့ထိုင်ရပါသည်။

"တည် ခင်ဗျားအဆင်ပြေလား"

သူကတော့ နိုးနိုးကြောင့် ပွဲတွေခနခနတက်ဖူးပင်မဲ့ တည်ကတော့ ဖက်ရှင်ရှိုးပွဲ တက်ဖူးတဲ့ပုံမပေါ် ။ နေရခက်သလိုနှင့်ဖုန်းကိုကြည့်လိုက် ဟိုကြည့်ဒီကြည့်လိုက်နှင့်ထိုစဥ်ကိုးလ် ဖုန်းမြည်လာတာမို့။

"နိုးနိုး ပြော ဘာမေ့ခဲ့ပြန်ပြီလဲ"

"ဘယ်လို အေးအေး ငါအခုလာခဲ့မယ် အခန်းနံပါတ်ပြော"

ဖုန်းချပြီးတာနှင့်

"တည် ကျွန်တော် နိုးနိုးဆီသွားလိုက်အုံးမယ် ကိစ္စရှိလို့"

"အင်း ကိုယ်လိုက်ရအုံးမလား"

"ရတယ်တည်"

"ကျွန်တော်လိုက်မယ်" စစ်သွေးကပြောတော့

"အင်းကောင်းတာပဲ လိုအပ်ရင်မင်းကူညီလို့ရတယ်"

နိုးနိုးဆီရောက်တော့

"ဘယ်လိုဖြစ်တာလဲ"

"ငါလဲမသိတော့ဘူးဟ မော်ဒယ်သုံးယောက်လုံးကဖုန်းဆက်လို့မရတော့ဘူး ပြီးတော့ ငါ့အလှည့်က သုံးယောက်မြောက်မှကို အခုမှအရင်ဦးဆုံးဆိုပြီး အသိပေးလာတယ်"

"ဟာ အာ့လိုလုပ်လို့ဘယ်မရမလဲ"

"မသိတော့ဘူး ကိုးလ် ငါ့မှာအချိန်မရှ်ိတော့ဘူး"

"တစ်ခုခုတော့မှားနေတာ"

"အချိန်ကလဲ နာရီဝတ်လောက်ပဲရတော့တာ ငါမော်ဒယ်ဘယ်မှာသွားရှာရမလဲ"

အမုန်းမှ စတည်သောWhere stories live. Discover now