Hello Bubble

135 18 7
                                    

Hello bubble

Bubbleလေးအတွက် စကားလေးပြောချင်လို့ပါ

မနေ့ကကိစ္စကိုသိပြီးကြပြီပေါ့နော်...

သူတို့ပြန်ဆုံမယ့်နေ့အထိကို စောင့်မလား?

ကျွန်တော်ကတော့ စောင့်နေပါ့မယ်၊ ဘာအကြောင်းတွေဖြစ်ခဲ့ပါစေ သူတို့ကိုထားမသွားနိုင်ပါဘူး

Bubble သက်တမ်းတလျှောက် ငိုခဲ့ပျော်ခဲ့ကြတာတွေရှိတယ်၊ ကျွန်တော်အတွက် ရယ်အားထက် ငိုအားသန်ခဲ့တဲ့အခါမျိုးတွေရှိတောင် ကောင်လေးတွေနဲ့ဆုံခဲ့ရလို့ နောင်တရတယ်ဆိုတာမျိုးမရှိခဲ့ဘူး၊ အသိနောက်ကျခဲ့လို့တောင်ပိုစိတ်မကောင်းဖြစ်မိတယ်

အဲ့မို့သူတို့အရင်လိုပြန်ဆုံစည်းနိုင်မယ့် အချိန်ထိကိုစောင့်နေပေးခဲ့တာ နောင်လဲအဲ့လိုဘဲစောင့်နေမှာပါ

အခုအနေအထားကတော့ အကြောင်းပြချက်မျိုးစုံ သူတို့မှာရှိမယ်ဆိုတာကို လက်ခံပြီးဘဲ သူတို့ဆုံးဖြတ်တဲ့အတိုင်းကို လက်ခံပေးမယ်၊ သူတို့ရွေးချယ်မယ့်လမ်းတိုင်းမှာရှိနေပေးမယ်

ကျွန်တော်က bylsတယောက်ဖြစ်ခဲ့ပင်မယ့် Bbကိုလဲ ချစ်ပေးလာခဲ့တာပါ BBBအတူတူမမြင်တိုင်း Bbအပေါ်အချစ်လျော့ခဲ့တာမျိုးမရှိဘူး၊ ဟိုဘက်ရပ်ကွက်နဲ့မပတ်သတ်ချင်လို့သာ အရင်လောက်အား‌မပေးနိုင်တာဘဲရှိတာ

ပြောချင်တာက မိမိရဲ့အလိုမပြည့်မှုတခုအတွက်နဲ့ ကောင်လေးတွေအပေါ်ကို အပြစ်မတင်ပါနဲ့ ဒီလိုကိစ္စတွေဖြစ်သွားတဲ့အတွက် အဓိက ရိုက်ခတ်မှုတွေပြင်းထန်ခဲ့တာက ကျွန်တော်တို့ထက် ဒီကောင်လေးတွေပါဘဲ၊ သူတို့ကပိုခံစားရမှာ သူတို့ကပိုပင်ပန်းရမှာပါ ကျွန်တော်တို့ကအဖျားခတ်ရုံလောက်ဘဲ ပင်ပန်းကြတာပါ အဲ့မို့ ပိုပင်ပန်းမယ့် ကောင်လေးတွေရဲ့ခံစားချက်တွေကိုထည့်တွေးပေးပါ

သူတို့နှစ်ယောက်ရဲ့အပြစ်မဟုတ်ဘူး ကံကြမ္မာရဲ့ကျီစယ်မှုတခုလို့ဘဲ ယူဆလိုက်ပါမယ် ‌တနေ့သူတို့ပြန်ဆုံမယ်လို့လဲ ယုံကြည်တယ် သူတို့ကြားကရင်းနှီးမှုအတိုင်းအတာကို ကျွန်တော်တို့မသိနိုင်မမြင်နိုင်ပင်မယ့် အတူတူဖြတ်သန်းခဲ့ရတဲ့ကာလတွေကြောင့် သူတို့ရဲ့စကားလုံးတွေကြောင့် သူတို့ကြားကကြိုးတွေကိုတော့ ဘယ်သူ့မှဖြတ်တောက်လို့မရပါဘူး အဲ့ကြောင့်မို့ ကောင်လေးတွေကို အချိန်ခဏလောက်ပေးပါနော်

အရမ်းပင်ပန်းနေကြမယ်ဆိုတာသိပင်မယ့် ကောင်လေးတွေအပေါ်တော့အပြစ်မတင်ပါနဲ့ သူတို့ကပိုပင်ပန်းမှာပါ အကုန်လုံးဖြစ်စေချင်တဲ့အဲ့အရာကို သူတို့ကပိုတောင်ဖြည့်ဆည်းပေးချင်တာပါ( အဲ့နေ့က အတော်လေးပျော်ရွှင်နေခဲ့တဲ့ကောင်လေးတွေရဲ့မျက်နှာကို တချက်သွားကြည့်လိုက်ပါနော် ) အဲ့မို့ ကျွန်တော်တို့ထက် ပိုနှမြောတသဖြစ်နေမှာက ကောင်လေးတွေပါဘဲ

မသိနိုင်တဲ့အကြောင်းပြချက်တွေကြောင့် အခုလိုဆုံးဖြတ်ခဲ့ကြတဲ့ကောင်လေးနှစ်ယောက်လုံးအပေါ် အပြစ်တင်ဝေဖန်ခြင်းမလုပ်ကြပါနဲ့၊ အရမ်းပင်ပန်းတယ်ဆိုရင် bubble ဆိုတဲ့ရပ်ဝန်းကနေ ကိုယ်ရဲ့သီးသန့်ရပ်ဝန်းတခုဆီသို့ အေးဆေးရွေ့သွားကြပါလို့ မပြောချင်ပင်မယ့်လဲ ဆက်နေပါလို့လဲ မပြောချင်ပါဘူး၊ အရာအားလုံးကို ကိုယ်ရဲ့ဆန္ဒနဲ့ဘဲ ဆုံးဖြတ်ကြပါ၊

ဒါမယ့် တဖက်သူ‌ေတွအပေါ် ကိုယ်ချင်းမစာဘဲ ထင်တာတွေပုတ်ခတ်ပြောဆိုခြင်း၊ ကျန်ရှိနေမယ့် bubbleတွေအပေါ်ထိုးနှက်ခြင်းမလုပ်ကြပါိဲနဲ့၊(မသက်ဆိုင်တဲ့တခြားfandomတွေကလဲ ရေနစ်သူဝါးကူထိုးကြတာမျိုးမလုပ်ပါနဲ့ မဆိုင်ရင်ကျော်သွားကြပါ)

partner ကောင်းတွေအနေနဲ့ အတူတူရှိနေစဉ်က အကောင်းဆုံးရှိနေပေးတဲ့ Bibleနဲ့ Bui အပြင် အမြဲ အချင်းချင်းဖေးမကာရှိနေပေးတဲ့ တဖက်fandomအချင်းချင်းအပေါ်ကိုလဲ ဆက်ပြီးrespect ဆိုတာလေး ရှိပေးကြပါ

ကျွန်တော်ကတော့ buiရဲ့ အကောင်းဆုံး partner အနေနဲ့ရှိနေပေးခဲ့တဲ့ Bible ကိုရော သူ့fandomထဲကbui‌အ‌ေပါ်‌ေကာင်း‌ေပး/ချစ်ပေးခဲ့ကြတဲ့တ‌ေယာက်စီတိုင်းကို ကျေးဇူးတင်ပါတယ်

fandom သုံးခုလုံးကို လေးစားသောအားဖြင့် ဘယ်သူ့အပေါ်မှ အပြစ်တင်ပြောဆိုခြင်းမလုပ်ပါနဲ့လို့ မေတ္တာရပ်ခံပါတယ်။

Fandom သုံးခုလုံးကိုလေးစားလျက်,

I'm waiting for them until their meet again 🖤💙

Ps. ဒီမှာလူပိုများလို့ ဒီမှာထပ်တင်လိုက်တယ်နော်✌️

Heartbeat Where stories live. Discover now