Ep-7

266 24 0
                                    

At Bible'Pa ခြံ,

Bible Pov,

ငါတို့ခြံကတော့ နဲနဲတော့ကျယ်တယ်၊ခြံထဲမှာအကုန်စိုက်ထားတာ ၊အဓိကစိုက်တာကတော့ လက်ဖက်ဘဲ ။ပန်းတွေနဲ့ကျန်တဲ့အပင်တွေကတော့ Momစိတ်ကြိုက်စိုက်ထားတာတွေချည်းဘဲ၊လက်ဖက်ခင်းနဲ့နီးတဲ့‌ေနရာမှာ‌ေတာ့အလုပ်သမားတွေနေတဲ့အိမ်တန်းလေးရယ်၊ လက်ဖက်ခူးချိန်ရောက်ရင်Paတို့တခါတလေလာအိပ်ဖို့ဆောက်ထားတဲ့အိမ်လေးလဲရှိတယ်၊အိမ်‌ရဲ့ပတ်လည်မှာတော့ Momစိတ်ကြိုက်ပန်းပင်‌ေလးတွေစိုက်ထားတယ်၊ အကုန်လုံးကတော့ ငါတို့မိသားစုရဲ့လက်ရာတွေချည်းဘဲ၊ hand madeလုပ်ရတာကြိုက်တဲ့သူတွေမို့ ဘာနေနေကိုယ်တိုင်ဘဲလုပ်ဖြစ်တယ်၊ ဝယ်ပြီးသုံးတဲ့ပစ္စည်းကတော့ရှားတယ်။

ငါ့ဂျစ်ကားလေးကိုရပ်ကာ

"Pရောက်ပြီဆင်းတော့လေ" နောက်ခန်းမှPongပုခုံးပေါ်မှီအိပ်နေတဲ့Ptongကိုလှမ်းခေါ်လိုက်တော့

"ရောက်ပြီလား Pနဲနဲမှေးလိုက်တာအိပ်ပျော်သွားတယ်၊ ဟယ်ခြံလေးကလှလိုက်တာ"
Ptongကတော့ကားပေါ်ကဆင်းကတည်းကအကုန်မေ့နေပြီ ကားပေါ်ကဟိုတယောက်ကိုတောင်ခေါ်ဖို့ပါမေ့နေတယ်။ ဟိုတယောက်ကလဲရင်ဘတ်‌ေပါ်လက်‌ေလးဖိကာတုတ်တုတ်မျှမလှုပ်

"ဟေ့ ရောက်ပြီလေ ဆင်းတော့"
ငါတချက်ဟောက်လိုက်မှ သတိဝင်လာကာဆင်းသွားတော့တယ်။

"Buiမြန်မြန်လာ ရှုခင်းကတအားလှတာ ငါတို့selfieဆွဲရအောင် မြန်မြန်လာ"
Ptongကတော့ တက်ကြွစွာခေါ်နေပင်မယ့် buiဆိုတဲ့တယောက်ကတော့ တချက်ပြုံးပြကာဖြေးဖြေးချင်းဘဲPtongဆီသွားနေတော့တယ်။အဲ့တယောက်ဘာဖြစ်နေတာလဲဆိုပြီး‌ငါတွေးနေတုန်းမှာဘဲ...

"Wow...Pတအားလှတာဘဲ" ဆိုပြီး
buiကPtongကိုလှမ်းပြောပြီးပြုံးပြလိုက်တဲ့အပြုံးလေး ငါတခါမှမမြင်ဘူးသေးတဲ့သူ့ဆီကအပြုံးလေးကိုမြင်လိုက်ရတာဘဲ၊တကယ်လဲတအားလှတာဘဲ...ငါငေးနေတုန်းမှာဘဲ

"အဟမ်း....သိပ်လဲငေးမနေနဲ့ ဘာလဲစိတ်ဝင်စားလို့လား" Pongကမေးလာတော့မှ

"ဘာလဲ မဟုတ်ပါဘူး ငါ့ဘာသာရှုခင်းတွေငေးနေတာ မရောက်တာကြာလို့လားမသိဘူး ငါတို့ခြံကရှုခင်းကတော်တော်လှတာဘဲ" ငါလဲစကားလမ်းကြောင်းလွဲလိုက်မိတယ်။

Heartbeat Nơi câu chuyện tồn tại. Hãy khám phá bây giờ