Ep-15

176 16 0
                                    

Build Pov

"Bui မောင့် ဆီကို လာတယ်ဟုတ်လား ဝမ်းသာလိုက်တာbuiရယ် "
သူကပြောပြီး ငါကိုဖက်ဖို့လုပ်နေလို့ ငါအမြန်တားလိုက်ရတယ်။

"မေးစရာလေး ရှိလို့လာတာ "
သူကပြုံးပြကာ မေးလေဆိုတဲ့သဘောနဲ့မေးမော့ပြတယ်။

"ဟိုလေ Ptong နဲ့ဘာကိစ္စဖြစ်ထားသေးလဲ "

"ဘာမှမဖြစ်ပါဘူး ဘာလို့မေးတာလဲ "
သူ့ပုံစံကြည့်တော့ အေးဆေးပါဘဲ၊ ဘာလို့Pကသူ့ကိုမုန်းနေတာလဲ မစဉ်းစားတတ်တော့ဘူး ။

"နောက်တခုထပ်မေးဦးမယ် buiကိုအရင်ကတည်းကသိတာလား "
ငါစကားကိုကြားတော့ မချိုပြုံးပြုံးပြကာ

"အင်း သိတာထပ်ပိုတယ်လို့ပြောရင် ယုံမှာလား "

"အမ် ဘယ်လိုမျိုးလဲ " ငါမေးလိုက်တော့ ငါ့အနားကိုတိုးလာကာ ပါးကိုနမ်းသွားတယ်။ အဖြစ်အပျက်ကတအားမြန်ဆန်တေ့ာ ငါရုန်းချိန်တောင်မရလိုက်။

"ဒါဘာလုပ်တာလဲ blue" သူကိုတွန်းထုတ်ကာ ငါအော်ပြောလိုက်တော့

"စိတ်မတိုပါနဲ့ အချိန်တန်ရင် မောင် အကုန်လုံးကိုရှင်းပြမယ်နော်၊ အခုတော့ မောင်နဲ့buiကအရင်ကတည်းကသိထားတယ်၊ အချင်းချင်းလဲအရမ်းရင်းနှီးတယ်ဆိုတာကိုဘဲ သိထားလိုက်နော် လိမ္မာတယ် မောင့် buiက " သူကပြောပြီး ငါ့ပါးကိုဆွဲကာ ထပ်နမ်းဖို့ကြိုးစားတော့ ငါလဲအမြန်ရုန်းကာ

"ဘာလို့အမြဲအသားယူဖို့လုပ်နေတာလဲ ပြီးတော့ အဲ့မောင်ဆိုတာကြီး မသုံးဖို့စတွေ့ကတည်းကပြောဖူးတယ်မလား ၊ဘာလို့နားမထောင်တာလဲ နောက်ခါbuiမကြိုက်တာမလုပ်ပါနဲ့ သူငယ်ချင်းအဖြစ်ကဆက်နေချင်သေးရင် "

ဘယ်လိုလူလဲ ပိုင်ဆိုးပိုင်နင်းနဲ့ အဲ့ဒါမို့ Pကမတွေ့ဖို့ပြောတာလား ဒါမယ့် အကြောင်းပြချက်ကိုငါကသိချင်တော့လဲ ကိုယ့်ဘာသာအန္တရယ်တွင်းထဲခုန်ဆင်းသလိုဖြစ်နေပြီလား။ဒါတွေသိရဖို့ဘယ်သူ့ကိုသွားမေးရမလဲ ? Usနဲ့Apoကိုမေးကြည့်ရင်ကော သိလောက်လား ဒါမယ့်သူတို့နဲ့ကဒီနှစ်မှစခင်တာလေ
ငါ့အကြောင်းကို Ptongကလွဲဘယ်သူ့မှရေရေရာရာမသိဘူးထင်တယ်။နက်ဖြန်နယ်ပြန်မယ် maeတို့ကိုမေးကြည့်ရမယ် ။

Heartbeat Where stories live. Discover now