Ep-9

185 18 0
                                    

4th Day in ChinMai,

Bible Pov

ဒီနေ့နေ့လည်ကျရင်buiတို့ကပြန်တော့မှာတဲ့
သူမပြန်ခင် သူနဲ့ငါနှစ်ယောက်တည်းအချိန်ရအောင် ဖန်တီးရမယ်၊ အစကသတိမထားမိပင်မယ့် buiနေမကောင်းတော့မှ ငါသူ့ကိုစိတ်ဝင်စားနေတာကိုသတိထားမိတော့တယ်။

"Ai Pong ငါမင်းကိုတခုပြောမလို့ ငါbuiနဲ့နှစ်ယောက်ထဲရှိချင်တယ်"
ငါပြောလိုက်တော့Pongကသဘောပေါက်ကာ

"ဘယ်လိုလဲငါ့ကောင်ကြီး ငါထင်ရင်လွဲခဲတယ်မလား" ဒီကောင်‌ကတော့ငါ့ကိုစဖို့ဘဲတွေးနေတော့တာဘဲ။

"ငါလဲသိပ်တော့မသေချာသေးပါဘူး ဒီတိုင်းအရင်ကထက်စာရင် သူ့ကိုနဲနဲစိတ်ဝင်စားလာတယ်လို့ထင်တာဘဲ ၊အဲ့မို့ပိုသေချာအောင် သူနဲ့နေကြည့်မလို့" တည်ငြိမ်စွာဘဲငါပြောလိုက်တော့

"အေးပါ ငါဖန်တီးပေးမယ်၊ မင်းသာသေချာဖို့လိုတယ်၊ မင်းကိုတခုတော့သတိပေးမယ် နဲနဲစိတ်ဝင်စားရုံလောက်နဲ့တော့ Pbuiကိုချည်းကပ်ဖို့တော့မကြိုးစားနဲ့" Pongကမျက်နှာတည်နဲ့ပြန်ဖြေလိုက်တဲ့စကားကြောင့် ငါနားမလည်စွာဘဲ

"ဘာလို့လဲ မင်းကငါ့ကိုစိတ်ကစားမယ့်ကောင်လို့ထင်လို့လား"

"မင်းကအချစ်ရေးနဲ့ပတ်သတ်ရင်အဲ့လိုလူမျိုးမဟုတ်ဘူးဆိုတာ ငါသိတာပေါ့ ဒါမယ့် Pbuiကမင်းထင်သလိုမျိုးလွယ်တဲ့သူတော့မဟုတ်ဘူး ပြီးတော့ မင်းမှာပြိုင်ဘက်တွေအများကြီးရှိလာမှာ" pongရဲ့အပြောကြောင့် ငါတွေးဝေမိကာ

"အဲ့ပြိုင်ဘက်တွေကို ငါကမယှဉ်နိုင်ဘူးလို့ မင်းကထင်နေတာလား" ငါpongကိုပြန်မေးလိုက်တော့

"မထင်ပါဘူး မင်းကတခါချစ်ရင် တသက်လုံးသစ္စာရှိမယ့်ကောင်ဆိုတာကို ဒါမယ့်Pbuiဘက်ကတော့မသေချာဘူး"

"ဘာလို့လဲ?"

"အခုချိန်ထိ သူဘေးနားမှာဝိုင်းနေတဲ့သူတွေပေါပင်မယ့် သူကသူငယ်ချင်း‌လိုဘဲ ရင်းရင်းနှီးနှီးဘဲဆက်ဆံတာ တယောက်မှပြန်ကြိုက်တယ်ဆိုတာမရှိဘူး" pongရဲ့ဒီအဖြေကိုတော့ငါသဘောကျစွာပြုံးရင်း

"အဲ့တော့ပိုမကောင်းဘူးလား ငါကbuiကိုပထမဆုံးရင်ခုန်အောင်လုပ်နိုင်တဲ့သူဖြစ်လာမှာလေ"

Heartbeat Where stories live. Discover now