Ep-11

185 20 3
                                    

Build Pov

"Bui ဘာ‌လို့အဲ့လောက်ကြာနေတာလဲ " Us ကငါ့ထိုင်ခုံမှာတောင်မထိုင်ရသေးဘူး မေးခွန်းတွေအရင်စမေးပြီ။

"ကားပျက်နေလို့ အဲ့တာtaxiနဲ့ဘဲလာခဲ့တာ ဘန်ကောက်ကားလမ်းလဲသိတဲ့အတိုင်း မောတယ် "
ငါ့ထိုင်ခုံမှာထိုင်ရင်းပြန်ဖြေလိုက်တယ်။

"ရော့...ဒါသောက်လိုက် " ပေးလာတဲ့သူကိုမော့ကြည့်လိုက်တော့

"ဟင် Bible ကဘယ်လိုဖြစ်လို့ " သူပေးတာကိုသောက်ရင်းမေးလိုက်မိတယ်၊ ဟုတ်တယ်လေ ခုကUsနဲ့ ဆိုင်အတွက်collectionအသစ်အတွက်တိုင်ပင်ဖို့ ငါတို့ဖွင့်ထားတဲ့Fashion shopမှာဆိုတော့ Bible နဲ့တွေ့စရာအကြောင်းမှမရှိတာ ထပ်ပြီးတိုက်ဆိုင်ပြန်ပြီလား

"JJနဲ့လိုက်လာတာ "

"ဟင်Jjနဲ့ကောသိတာလား" ငါမေးလိုက်တော့ ခေါင်းညိတ်ပြတယ်၊ မျက်နှာကတော့ခပ်တည်တည်ဘဲ၊ ဟိုနေ့ကသူတို့ကျောင်းမှာတွေ့တုန်းကတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ငါ့ကိုဆက်ဆံသေးပါတယ်၊ငါဘာအမှားလုပ်မိလို့လဲ...

"ဟုတ်တယ် Bible က Pjoရဲ့ညီလေ "

"ဟုတ်လား Pjoရဲ့ညီမှန်းခုမှသိတယ်" ငါ့ပြောလိုက်တော့Jjက

"gym ကိုတခါတလေဘဲသွားဖြစ်တော့ မတွေ့ဖြစ်တာနေမယ်" gymသွားဖို့ခေါ်ရင် အမြဲပတ်ပြေးနေမှန်းသိလို့ ငါ့ကိုပြန်စနေတာဘဲ။

"ဟဲဟဲ bui weightချဖို့အစီအစဉ်ရှိပါတယ် နောက်ကျမှန်မှန်သွားမှာပေါ့ " စပ်ဖြီးဖြီးနဲ့ပြန်ပြောလိုက်တယ် gymသွားရင် Jjက trainပေးမှာလေ သူကစည်းကမ်းကြီးတဲ့ trainer ဆိုတော့ သူနဲ့မသင်ချင်လို့ကို ပတ်ပြေးနေရတာ၊

"ကဲပါ Us collection အကြောင်းပြောရအောင်လေ buiဟိုဘက်ကိုပြန်အကြောင်းပြန်ရမှာမို့ ၊ aww bible အေးဆေးနေနော် မပြန်သေးရင် buiတခုခုလိုက်တိုက်မယ်နော်" ငါ့ဘက်ကစကားစပြောတာတောင် သူကမေးဘဲမော့ပြတယ်၊ ငါ့ဆိုင်လာတော့လဲ ငါကဧည့်ခံပေးရမှာဘဲလေ၊ သူကတော့စိတ်မပါတဲ့ပုံစံနဲ့ပြန်ဘဲဖြေတယ်၊

"အင်း"

Bible Pov

Buiဆိုင်ဆိုတာမသိဘဲ Jjနဲ့လိုက်လာမိတာ ၊ သူ့ကိုမေ့ဖို့ကြိုးစားပင်မယ့်လဲ သူ့မျက်နှာလေးတွေ့လိုက်တော့လဲ ကြိုးစားထားသမျှအလကားဖြစ်သွားသလိုဘဲ။
Buiကတော့ ဖော်ဖော်ရွှေရွှေ ငါ့အပေါ်ဆက်ဆံပင်မယ့် သူနဲ့ဒီထက်ပိုပြီးရင်းနှီးလို့မဖြစ်ဘူး၊ ငါ့ခံစားချက်တွေပိုမတိုးခင် သံယောဇဉ်ဖြတ်မှရမယ်၊ မေ့နိုင်‌ေအာင်လို့ကြိုးစားရမယ်၊ တခါအသဲကွဲဖူးတော့ ဒီတခါသာထပ်ဖြစ်ရင် ငါခံနိုင်ရည်ရှိမှာမဟုတ်ဘူး။

Heartbeat Where stories live. Discover now