Ep-4

258 22 2
                                    

Build Pov

"Bui...ရေမပြီးသေးဘူးလား"
သေပြီ Ptongရဲ့အသံက ငါ့အိမ်တောင်ပေါက်ထွက်တော့မယ် မနေ့ညကconcertကြည့်တာညလုံးပေါက်တော့ ခုမနက်အိပ်ရာထနောက်ကျပြီ

"Pရေဖြေးဖြေးအော်ပါ အမေတို့လန့်သွားဦးမယ်"
ဟုတ်တယ်အမေမှာသာ နှလုံးရောဂါရှိရင်Pအသံနဲ့တင်...

"မင်းကကြာနေတာကို ဒါနဲ့ဒီပုံစံနဲ့ခရီးကိုလိုက်မှာပေါ့"
Pပြောမှကိုယ့်ကိုကိုပြန်ကြည့်မိတယ် pajamaအပြာရောင်ဝမ်းဆက်ဘဲဝတ်ထားတဲ့ငါ၊ Pကအောက်ထပ်ကနေအတင်းခေါ်နေတော့ လဲဖို့အချိန်လဲမရဘူး လဲနေရင်လဲနောက်ကျလို့အပြောခံရဦးမှာ ခရီးသွားမှာသိတာကို ငါconcert သွားကြည့်တာသာသိလို့ကတော့ ပွားတော့မယ့်Pကိုမြင်ယောင်မိတယ်

"ဟုတ်တယ်လေ ဒီတိုင်းဘဲလိုက်မှာ ကားပေါ်လဲအိပ်မှာဘဲကို ဘာဖြစ်လို့လဲ"
အေးလေ ဟိုရောက်မှ selfie ရိုက်မှဘဲလဲ‌ေတာ့မယ်လေ ပြီးတော့ သူတို့အတွဲကိုရိုက်ခိုင်းရင် ပုံကဝါးရတာနဲ့၊ခေါင်းပါမလာရတာနဲ့ ...

"ပြီးတာဘဲအဲ့ဆိုဒီတိုင်းဘဲလိုက်ခဲ့တော့ ပြီးမှ ငါကိုအပြစ်မတင်နဲ့နော်"

ဘာတွေလာပြောနေတာလဲ ထားတော့အနဲဆုံးတော့ငါအဆူမခံရ‌ေတာ့ဘူးဟိဟိ

"Pbui လာနောက်ခန်းမှာဘဲထိုင်လိုက်တော့နော် Ptongကမူးတတ်လို့အရှေ့မှာဘဲထိုင်ခိုင်းလိုက်မယ်"

Pongတို့ကတော့ထုံးစံအတိုင်းကဲပြနေပြီ သူချစ်သူကဖြင့် ကားမူးလဲ အကဲမပျက်တာကိုမသိတာကျလို့ တလမ်းလုံးငါကောင်းကောင်းအိပ်ပါရစေဘဲဆုတောင်းတယ်။ အိပ်ရေးပျက်ထားတော့ခုတောင်အိပ်ချင်နေပြီ ငါလဲတွေးတာရပ်ပြီးကားပေါ်တက်လိုက်တော့
"ဟင် ကားထဲတခြားသူရှိသေးတာလား P"

"အော်ဟုတ်တယ် buiအဲ့တာ Pongတို့အိမ်ဘေးက‌ေကာင်‌ေလး‌ေလသူလဲPတို့နဲ့အတူလိုက်မှာ"
Ptongပြောတော့ pongက

"သူကသူစိမ်းမဟုတ်ပါဘူး ကျွန်တော်နဲ့အမျိုးနီးစပ်တော်တယ်ပြောရင်လဲရတယ် သက်တောင့်သက်သာသာနေပါ"

ငါလဲအဲ့လူကိုတချက်ကြည့်ပြီးပြုံးပြလိုက်တယ်၊ သူကတော့ငါ့ကိုစိုက်ကြည့်ကာ ခပ်တည်တည်ဘဲ ဘာလဲကြောက်စရာကောင်းလိုက်တာ မျက်မှန်အမဲကြီးတပ်ပြီး ဦးထုပ်ကိုလဲခပ်ငိုက်ငိုက်ဆောင်းထားသေး၊တကိုယ်လုံးလဲအနက်ရောင်တွေဝတ်ထားတော့ ငါတချက်ကြက်သီးထသွားတယ်

Heartbeat Where stories live. Discover now