Ep-14

186 20 1
                                    

Build Pov

Blue နဲ့ထပ်မတွေ့ဖို့ပြောတဲ့နေ့ကတည်းက Ptong ကိုပါထပ်မတွေ့ရတော့ဘူး Pကငါ့ကိုတမင်ရှောင်နေသလိုခံစားရတယ်၊ ဘာလို့လဲ

"Bui.. စောင့်နေတာကြာပြီလား "

"မကြာသေးပါဘူးbible "

"လာbuiအထဲဝင်ကြရအောင် "

"အင်း"
အော် ဟိုနေ့က Bible ပြောတဲ့ concert ကိုတူတူသွားကြည့်ပြီးနောက်,

"ဘယ်လိုလဲ buiပျော်ဖို့ကောင်းရဲ့လား "

"အင်းပျော်တယ် အကုန်လုံးကလဲတအားလှကြတာဘဲ "

"ဟုတ်တယ် တအားလှတယ်နော် "
သူကငါ့ကိုစိုက်ကြည့်ကာ ပြောလာတယ်။ရင်ဘတ်ထဲကအကောင်ရယ် အခုချိန်မခုန်ပါနဲ့ဦးနော် Bible ကြားသွားမှာဆိုးလို့ပါ

"အင်း တခုခုသွားစားကြရအောင်လေ "

"Bui ခနနေပါဦး "
Bible က ငါ့လက်ကိုလှမ်းဆွဲကာ

"အင်းဘာပြောမလို့လဲ Bible "ငါလဲပြောရင်း သူကိုင်ထားတဲ့ငါ့လက်ကိုကြည့်တော့မှ သူကလွှတ်ပေးတော့တယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"အင်းဘာပြောမလို့လဲ Bible "
ငါလဲပြောရင်း သူကိုင်ထားတဲ့ငါ့လက်ကိုကြည့်တော့မှ သူကလွှတ်ပေးတော့တယ်။

"Bui ကို မေးစရာရှိတယ် "

"အင်းမေးလေ "
သူကဘာမေးမှာမို့လို့ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတာလဲ။

"ဟိုလေ buiနဲ့blueကဘာတွေလဲ "
ထပ်ပြီး blueဘဲလား၊ ဘာလို့လူတွေကငါ့ထပ်အဲ့တယောက်နဲ့ဆက်ဆံ‌ေရးကိုပိုစိတ်ဝင်စားနေကြတာလဲ

"Blue နဲ့က သူငယ်ချင်းလိုပါဘဲ ဘာလို့မေးတာလဲ "

"ဟုတ်လား တော်သေးတာပေါ့" သူကခုမှသက်ပြင်းချကာ ငါကိုပြုံးပြနေတော့တယ်၊ concert ကြည့်တဲ့တလျှောက်လုံးလဲ ငါ့ကိုဘဲစိုက်ကြည့်ကာ တခုခုဘဝင်မကျသလိုဖြစ်‌ေနတဲ့သူ့ရဲ့မျက်နှာကအပြုံးကိုခုမှမြင်ရတော့တယ်။

Heartbeat Where stories live. Discover now